29 C
Yangon

သံဖြူဇရပ်နှင့် အုတ်တွင်းမြို့နယ်တို့တွင် စစ်တပ်စစ်ကြောင်းများကို တိုက်ခိုက်မှု စစ်သား ၁၀ ဦး သေဆုံး

Must read

ရန်ကုန်၊ ဩဂုတ် ၁၆

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဘုရားကုန်းရွာအနီးတွင် နေရာယူထားသော အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း တောင်ညိုစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဩဂုတ်လ ၁၅ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၀ မိနစ်အချိန်ခန့် သံဖြူဇရပ်မြို့နယ်၊ ရဲတံခွန် ရွာသစ်၊ဘုရားကုန်းရွာအနီးတွင် နေရာယူထားသော အကြမ်း ဖက်စစ်တပ်ကို တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့က ချောင်းမြောင်းပစ်ခတ်တိုက် ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၅ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“မနေ့က လုပ်ဆောင်ခဲ့တာပါ၊ ရဲတံခွန်ရွာသစ်က စခန်းကြီးတို့နဲ့ နီးတယ်။ ဒီနေ့မနက်အထိ လက်နက် ကြီးတွေ ဆက်တိုက်ထုနေတုန်းပဲ။” ဟု တောင်ညိုစစ် ကြောင်းမှ တာဝန်ရှိသူတစ်ဦး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို တောင်ညို စစ်ကြောင်းနှင့် KNLA တပ်ရင်း ၂၇ မှ ရဲ ဘော်များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ၃၇ လုံး ဆက်တိုက် ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အလားတူ ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ မြက်နီကွင်းကျေးရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း တောင်ပိုင်းတိုင်း စစ်ဒေသထံမှ သိရသည်။

ဩဂုတ်လ ၁၄ ရက်နေ့ နံနက် ၁၁ နာရီ ၃၄ မိနစ်အချိန် အုတ်တွင်းမြို့နယ်၊ မြက်နီကွင်း ကျေးရွာအ တွင်း တပ်စွဲနေထိုင်နေသော အကြမ်းဖက်စစ်သားများကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ဒရုန်း ဖြင့် ဗုံးသီး ၅ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသ အမှတ် ၂ စစ်ဒေသခွဲ၊ တောင် ငူခရိုင်၊ တပ်ရင်းအမှတ် ၃၅၀၂ Delta One Drone Team နှင့် အုတ်တွင်းမြို့နယ် ပကဖ ဒရုန်းအဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article