29 C
Yangon

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်၏ သမီး Paetongtarn Shinawatra ထိုင်းဝန်ကြီးချုပ်အသစ်အဖြစ် ရွေးကောက်ခံရ

Must read

ရန်ကုန်၊ ဩဂုတ် ၁၆

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်၏ သမီး Paetongtarn Shinawatraကို ထိုင်းနိုင်ငံ၏ ၃၁ ဦးမြောက် ဝန်ကြီးချုပ်အသစ်အဖြစ် ယနေ့တွင် ထိုင်းလွှတ် တော်က ရွေးကောက်တင်မြှောက်လိုက်ကြောင်း ထိုင်းသတင်းများအရ သိရှိရသည်။

ဩဂုတ်လ ၁၄ ရက်နေ့ တရားရုံးအရာရှိတစ်ဦးကို လဘ်ပေးလာဘ်ယူမှု ကျူး လွန်ခဲ့ဖူးသော Pichit Chuenban ကို ဝန်ကြီးချုပ်ရုံးဝန်ကြီး အဖြစ် ခန့်အပ်ခဲ့မှုဖြင့် ထိုင်းဝန်ကြီးချုပ် Srettha Thavisin ကို အခြေခံဥပဒေချိုးဖောက်သည်ဟုဆိုကာ အခြေခံဥပဒေခုံရုံးက ရာထူးမှ ဖယ်ရှားခဲ့ကြောင်း၊ ယင်းနောက် ယနေ့ ဩဂုတ် လ ၁၆ ရက်နေ့တွင် ထိုင်းလွှတ်တော်တွင် ဝန်ကြီးချုပ်အသစ် ရွေး ကောက်တင်မြှောက်ပွဲ လုပ်ဆောင်ခဲ့ရာ Paetongtarn Shinawatra သည် မဲအများစု အနိုင်ရရှိပြီး ထိုင်းဝန်ကြီးချုပ်အသစ်ဖြစ်လာခြင်းဖြစ်သည်။

အသက် ၃၇ နှစ်ရှိနေပြီဖြစ်သော Paetongtarn Shinawatra သည် Pheu Thai Party ၏ ခေါင်းဆောင်တစ်ဦးဖြစ်ပြီး ထိုင်းဝန်ကြီးချုပ်သက်ဆင်ရှာနာဝပ်၏ သမီး ဖြစ်ကာ အိမ်ထောင်သည်တစ်ဦးလည်းဖြစ်သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article