29 C
Yangon

မြင်းခြံမြို့နယ်တွင် စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားများ အထိုင်ချ ရွေ့ပြောင်းထားသည့် အမှတ် ၁ သံမဏိစက်ရုံကို လက်နက်ကြီး ဗုံးသီး ၅၅ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်

Must read

မြင်းခြံမြို့နယ်တွင် စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားများ အထိုင်ချ ရွေ့ပြောင်းထားသည့် အမှတ် ၁ သံမဏိစက်ရုံကို လက်နက်ကြီး ဗုံးသီး ၅၅ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်

ရန်ကုန်၊ ဩဂုတ် ၁၈

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားများ အထိုင်ချ ရွေ့ပြောင်းထားသည့် အမှတ် ၁ သံမဏိစက်ရုံကို လက်နက်ကြီး ဗုံးသီး ၅၅ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်းက ပြောဆိုသည်။

ဩဂုတ်လ ၁၆ ရက်နေ့ ည ၇ နာရီ ၁၅ မိနစ်ခန့်တွင် အကြမ်းဖက် စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားများ အထိုင်ချ ရွေ့ပြောင်းထားသည့် အမှတ် ၁ သံမဏိစက်ရုံကို တော်လှန်ရေး တပ်ဖွဲ့များက လက်နက်ကြီး ၆၀ မမ ဗုံးသီး ၅၅ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း သံမဏိစက်ရုံကို အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂၀၀ ခန့်က လုံခြုံရေး ယူထားခြင်းဖြစ်ပြီး တိုက်ခိုက်မှု အတွင်း ထိခိုက်ပျက်စီးမှုများပြားပြီး စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်းမှ ဦးဆောင်ပြီး ညီနောင် မဟာမိတ်များနှင့် အတူတူ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်း သံမဏိစက်ရုံသည် ယခင် အစိုးရလက်ထက်၌ အရှုံးပေါ်၍ ရပ်နားထားခြင်းဖြစ်ပြီး အကြမ်းဖက် စစ်ကောင်စီက စစ်သုံးလက်နက်ပစ္စည်း ထုတ်လုပ်မှုအတွက် ပြန်လည် အသုံးပြုနေခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article