နွားထိုးကြီးမြို့နယ်၊ ကွမ်းအုံရွာ ဘုန်းကြီးကျောင်းကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၃ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြား
ရန်ကုန်၊ ဩဂုတ် ၂၀
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ကွမ်းအုံရွာ ဘုန်းကြီးကျောင်းကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၃ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဩဂုတ်လ ၂၀ ရက်နေ့ မွန်းလွဲပိုင်းတွင် နွားထိုးကြီးမြို့နယ်၊ ကွမ်းအုံရွာ ဘုန်းကြီးကျောင်းကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ် သံဃာတော် ၁ ပါး အပါအဝင် ပြည်သူ အများအပြား ထိခိုက်ဒဏ်ရာရရှိကာ ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
“ဒီနေ့ မွန်းလွဲပိုင်းက နွားထိုးကြီး ကွမ်းအုံရွာမှာ တိုက်ပွဲမဖြစ်ဘဲ စစ်ခွေးတွေက လေယဉ်နဲ့ ဗုံးလာကျဲသွားတယ်။ အဲရွာမှာ စစ်ရှောင်နေတဲ့ ပြည်သူတွေလည်း ပြေးနေရပြီး ကျွန်တော်တို့ ကနဦး သိရတာက ကျေးရွာနေပြည်သူ ၅ ဦးနဲ့ ဘုန်းကြီး ၁ ပါးထိတယ်။ ပြည်သူ ၃ ဦးသေဆုံးတယ်။ ဒဏ်ရာရတဲ့ သူတွေများတယ် အတိအကျ သိရဖို့ ထပ်စုံစမ်းနေပါတယ်” ဟု ဒေသပြည်သူများ တစ်ဦးက ပြောဆိုသည်။