31 C
Yangon

Khit Thit သတင်းဌာန၏ မေ ၄ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မေ ၄ ရက် နေ့လယ်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့
-စစ်ကိုင်းတိုင်း ၊ချောင်းဦးမြို့နယ် ကင်မွန်းတော်ရွာက ပျူစောထီးတွေ နဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ကို ချောင်းဦး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဧပြီလ ၂၉ ရက်နေ့ နဲ့ မေလ ၁ ရက်နေ့တို့ မှာ မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား နဲ့ ပျူစောထီး ၁၂ ဦး သေဆုံးသွား တယ်လို့ ချောင်း ဦးPDF က သတင်းထုတ်ပြန်ထားပါတယ်။
-စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်က ဝက်ကျ၊ ကန်ရင်းနဲ့ မလဲသာ ကျေးရွာတွေကို ဝင်ရောက် စီးနင်း မီးရှို့ခဲ့တဲ့ မင်းအောင်လှိုင် သစ္စခံ အကြမ်းဖက်စစ်တပ်ကို ဒေသခံပြည်သူ့ ကာကွယ်ရေးတပ် တွေက တိုက်ခိုက်ခဲ့ပါတယ်။
-စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်း နဲ့ ဆိပ်ခွန်ရွာကြားမှာ အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းကိုဒေသကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့တွေက မေလ ၂ ရက် နဲ့ ၃ ရက်နေ့တွေမှာ လိုက်လံ တိုက်ခိုက်ပြီး ၊ စစ်ကောင်စီတပ်က ဗိုလ်ကြီး ၁ ဦး အပြင်းအထန် ဒဏ်ရာရတဲ့အပြင်၊ စစ်သား ၃၀ နီးပါး ထိခိုက်သေဆုံးနိုင်တဲ့ သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေတင် ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article