26 C
Yangon

ပွင့်ဖြူ၊ ဆားလင်းကြီးနှင့် သံဖြူဇရပ်တို့တွင် စစ်တပ်စစ်ကြောင်းနှင့်တပ် စခန်းများကို တိုက်ခိုက်မှု စစ်သား ၉ ဦးသေဆုံးဟုဆို

Must read

ရန်ကုန်၊ ဩဂုတ် ၂၁

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ ဝန်လိုရွာ၌ အထိုင်ချတပ်စွဲထားသော အကြမ်းဖက်စစ်ကြောင်း ထွက်ရန် ရှေ့ပြေးကင်းထွက်လာသည့် ဖောကားကို ပစ်ခတ်တိုက် ခိုက်ခဲ့ရာ စစ်သား ၇ ဦးသေဆုံးခဲ့ကြောင်း မင်းဘူးခရိုင်အမှတ် ၇ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့‌ ပြော ကြားသည်။

ဩဂုတ်လ ၁၉ ရက်နေ့ မွန်းတည့် ၁၂ နာရီ ၃၀ မိနစ်အချိန် ပွင့်ဖြူမြို့နယ်၊ ဝန်လိုရွာ၌ အထိုင်ချထား သော အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးရန်အတွက် ရှေ့ပြေးကင်းအဖြစ် အင်အား ၁၀ ဦးခန့်ပါ ဖောကားတစ်စီးဖြင့် ကန်ရွာဘက်သို့ ကင်းလှည့်ကြောင်း၊ အဆိုပါ စစ်တပ်စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များပူပေါင်းပြီး ပစ် ခတ်တိုက်ခိုက်ခဲ့ရာ ကားပေါ်ပါ စစ်သား ၇ ဦးသေဆုံးပြီး ၃ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ကားပေါ်တက်ခါနီးရောက်မှ နောက်ချန် စစ်ကူရောက်လာလို့ ပြန်ဆုတ်ခဲ့ရတာ၊ တိုက်ခိုက်နေတုန်း မှာလည်း သူတို့ထဲက နှစ်ယောက်လောက်ပဲ ပြန်ပစ်နိုင်တယ်။ အဲဒီနှစ်ယောက် ငြိမ်သွားချိန်မှာ ကား ပေါ်တက်ဖို့လုပ်ခဲ့တာ၊ စစ်ကူတွေရောက်လာလို့ ပြန်ဆုတ်ခဲ့ရတာပါ။ ဒဏ်ရာရ ၃ ယောက်ကလွဲရင်း အကုန်သေတယ်၊ ကားကခေါင်းကျိုးကျပြီး စုတ်ပြတ်သတ်သွားတာ။ဒဏ်ရာတဲ့ ၃ ယောက်ကို မဲဇလီ ကိုလွှဲတယ်၊ လက်ပြတ်တာတွေ၊ စိုးရိမ်ရတာတွေပါတယ်၊ အ လောင်း တွေကတော့ Double Cub နဲ့ တောင်ဘက်မြောင်းဘောင်အတိုင်း ဝါတပ်ကို မောင်းသွားတယ်၊ ဖောကားကိုတော့ သပ်သပ်လာဆွဲ သွားတယ်၊” ဟု မင်းဘူးခရိုင်အမှတ် ၇ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့‌ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို မင်းဘူးခရိုင်အမှတ် ၇ တပ်ရင်း ၊ ပွင့်ဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့- ပွ့င်ဖြူမြို့နယ် ပကဖ နှင့် Yenanthar Youth Force LPDF တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်ခံရသည့်အပြင် ဝါလိုရွာထိပ်၌ အကြမ်းဖက်စစ်တပ် စစ်သားများလိုက်ပါလာသည့် ဖောကားတစ်စီးလည်း တိမ်းမှောက်ခဲ့ကြောင်း၊ ကားမှောက်မှုကြောင့်အကြမ်းဖက်စစ်သားများ သေ ဆုံးမှုရှိပြီး တိမ်းမှောက်နေသော ကားကို ဆွဲထူရန် ပြည်သူပိုင် JCB ကားနှင့်သမားကို သေနတ်ဖြင့် ခြိမ်း ခြောက်ခေါ်ဆောင်ခဲ့ကြောင်း သိရသည်။

“အဲဒီနေ့မနက်ကပဲ ဝါလိုရွာထိပ်မှာ ကားမှောက်တာ။ အဲဒီကားကို ဆွဲဖို့ JCB ကားကိုခေါ်တာ။ JCB ကားသမားက အလောင်းတွေမြင်ပြီး သွေးလန့်သွားတာ၊ စကားမပြောနိုင်တော့လို့ ဘာမှ မေးမရ တော့ဘူး။ အဲဒီမှာက ဒဏ်ရာရတဲ့အထဲမှာ စစ်ကြောင်းမှူး ထိတယ်လို့ ကြားတယ်၊ သေတော့ မသေဘူး။ ပုဂ္ဂလိက ဆေးရုံမှာ အရေးပေါ်ဆေးကုသနေတယ်လို့ သိရတယ်။ အဲဒီကားမှောက်မှု မှာ သေဆုံး၊ ဒဏ်ရာရ အရေ အတွက်တော့ မသိရသေးဘူး။ အခုက စစ်ကြောင်း မှူးလည်း အသစ်ပြောင်း သွားပြီ။ အဲဒီဖြစ်စဉ်ဖြစ်ပြီးတော့ ပြောင်းသွားတာ၊” ဟု မင်းဘူးခရိုင် အမှတ် ၇ တပ်ရင်းမှ တာဝန်ရှိ သူတစ်ဦးက ပြောဆိုသည်။

ယင်းဖြစ်စဉ်ဖြစ်ပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်သားများက ဆည်တော်ရွာ၊ ကျွဲခြံရွာ ၊ လယ်မရွာစသည့်ကျေးရွာများမှ ရွာသူရွာသားများကို တစ်အိမ် တစ်ယောက်ခေါ်ကာ ပုဒ်မ ၁၄၄ ထုတ်ပြန်သည်ဟု ပြောဆိုခြင်း၊ ကျောင်းများကို အတင်းအဓမ္မဖွင့် ခိုင်းခြင်းတို့ လုပ်ဆောင်ခဲ့သည့် အပြင် ကားသမားများနှင့် ကားများကို ချောဆွဲခြင်းတို့ လုပ်ဆောင်နေကြောင်း သိရသည်။

အလားတူစစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ပေါ်ရှိ အကြမ်းဖက်စစ်တပ် လက် အောက်ခံ ရဲစခန်းနှင့် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးရှိ အကြမ်းဖက်စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ယင်းမာပင် ခရိုင်တပ်ရင်း ၁၆ တပ်ခွဲ ၁ Brother Defense Force – ဒရုန်းတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဩဂုတ်လ ၂၀ ရက်နေ့ နံနက် ၇ နာရီခန့်အချိန် ဆားလင်းကြီးမြို့ပေါ်ရှိ အကြမ်း ဖက်စစ်တပ် လက်အောက် ခံ ရဲစခန်း၊ အကြမ်းဖက်စစ်သားများတပ်စွဲထားရာ ထွေအုပ်ရုံးနှင့် ကံဦးဘုန်းကြီးတို့ကိုဒရုန်းဖြင့် ဗုံးသီး ၁၄ လုံးကျဲချ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ နေထိုင်ရာ ဘန်ကာများအပေါ် ကျ ရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း သိရသည်။

“ထိခိုက်သေဆုံးမှုကတော့ များနိုင်တယ်၊ များလို့လည်း လေယာဉ်ပစ်ကူခေါ်တာနေမယ်၊ လေယာဉ် Mi 35 လာတော့လာတယ်။ လေယာဉ် လာတဲ့အချိန်မှာ ကျနော်တို့က နောက်ပြန်ဆုတ်လိုက်တာ ဆိုတော့ ပစ်တော့မသွားဘူး။ ထိခိုက်သေဆုံးမှု အရေအတွက်ကတော့ စုံစမ်းလို့ မရသေးပါဘူး” ဟု ယင်းမာပင် ခရိုင် တပ်ရင်း ၁၆ တပ်ခွဲ ၁ Brother Defense Force – ဒရုန်းတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ယင်းမာပင်ခရိုင်တပ်ရင်း ၁၆ တပ်ခွဲ ၁ Drone တပ်ဖွဲ့ နှင့်အတူ ယင်းမာပင် ခရိုင် တပ်ရင်း ၁၄ / ၁၅ SSDF ဒရုန်းတို့က ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ထို့အပြင် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ရဲတံခွန်ရွာသစ်ရှိ စစ်သားများကို ထပ်မံ ဗုံးကျဲ တိုက် ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၂ ဦးသေဆုံးခဲ့ကြောင်း တောင်ညို စစ်ကြောင်းထံမှ သိရသည်။

ဩဂုတ်လ ၂၀ ရက် မွန်းတည့် ၁၂ နာရီ ၂၁ မိနစ်အချိန်က သံဖြူဇရပ်မြို့နယ်၊ ရဲတံခွန်ရွာသစ် တောင်ပေါက် ဘုန်းကြီးကျောင်းအနီး ခေတ္တစခန်းချနေသော အကြမ်း ဖက်စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေ ဆုံးပြီး ၃ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို တောင်ညို စစ်ကြောင်းနှင့် KNLAတပ်ရင်း ၂၇ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ ခြင်း ဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိ အခိုက်မရှိ ဆုတ်ခွာလာနိုင်ခဲ့‌ကြောင်း တောင်ညိုစစ် ကြောင်းက ထုတ်ပြန်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article