29 C
Yangon

အကြမ်းဖက် မင်းအောင်လှိုင် တောင်ငူမြို့သို့ ရောက်ရှိနေပြီး လုံခြုံရေး အထူးတင်းကျပ်ထား

Must read

ရန်ကုန်၊ ဩဂုတ် ၂၃

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ပဲခူးတိုင်း တောင်ငူမြို့သို့ ရောက်ရှိနေပြီး ၎င်း၏ ခရီးစဉ်တွင် လုံခြုံရေး အထူးတင်းကျပ်ထားကြောင်း ဒေသတင်းရင်းမြစ်များက ပြောဆိုသည်။

ယနေ့ နံနက်ပိုင်းတွင် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် တောင်ငူမြို့သို့ ရောက်ရှိလာပြီး တစ်မြို့လုံးတွင် Jammer များ ပတ်ပတ်လည် ချထားကြောင်း၊ တောင်ငူမြို့နှင့် မြို့ပြင်တွင် စစ်အင်အား ရာချီ၍ ချထားပြီး အထူးလုံခြုံရေးများဖြင့် တောင်ငူမြို့သို့ လာရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

” မင်းအောင်လှိုင်က မနက် ၁၁ နာရီလောက်က တောင်ငူရောက်တယ်။ ဩဂုတ်လ ၂၀ ရက်နေ့က တောင်ငူလေတပ်ကို ရှော့တိုက်ဒုံးနဲ့ပစ်တယ်။ ဩဂုတ်လ ၂၂ ရက်နေ့မှာ စည်ပင်ရုံး၊ လျှပ်စစ်ရုံးနဲ့ ယာဉ်ထိန်းအိမ်ရာမှာ မိုင်းကွဲတယ်။ အဲဒါကြောင့် မအလလာတဲ့အချိန်မှာ တစ်မြို့လုံး လုံခြုံရေးတွေ တင်းကျပ်ထားတာ” ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။

မင်းအောင်လှိုင်၏ တောင်ငူခရီးစဉ်သည် အနီးကပ်ပြင်ဆင်သွားသော ခရီးစဉ်ဖြစ်ပြီး ၁ ရက်မျှသာ ကြိုတင်အသိပေးခဲ့ကြောင်း ဌာနဆိုင်ရာ ဝန်ထမ်းသတင်းရင်းမြစ်များက ဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article