32 C
Yangon

NUG အစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ထိုင်းနိုင်ငံ ဝန်ကြီးချုပ်သစ် H.E. Ms. Paetongtarn Shinawatra ထံသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့

Must read

NUG အစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ထိုင်းနိုင်ငံ ဝန်ကြီးချုပ်သစ် H.E. Ms. Paetongtarn Shinawatra ထံသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့

ရန်ကုန်၊ ဩဂုတ် ၂၄

အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ထိုင်းဘုရင့်နိုင်ငံတော် ဝန်ကြီးချုပ် အဖြစ် ခန့်အပ်ခံရသော H.E. Ms. Paetongtarn Shinawatra ထံကို ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့လိုက်ကြောင်း သိရသည်။

​ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဝန်ကြီးချုပ်အနေဖြင့် မြန်မာ ပြည်သူတွေရဲ့ ကိုယ်စား ထိုင်းဘုရင့်နိုင်ငံတော် ဝန်ကြီးချုပ်အဖြစ် တာဝန်သစ် ထမ်းဆောင်ခြင်းအတွက် နွေးထွေးစွာ ဂုဏ်ပြုဝမ်းမြောက်ကြောင်း ဩဂုတ်လ ၁၉ ရက်က သဝဏ်လွှာပေးပို့ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ထိုင်းနိုင်ငံ၏ အသက်အငယ်ဆုံး ၀န်ကြီးချုပ်ဖြစ်သလို ဒုတိယမြောက် အမျိုးသမီးအဖြစ် ဒီတာဝန်ကိုထမ်းဆောင်မှာဖြစ်တဲ့ အတွက် ဂုဏ်ယူကြောင်း၊ ဒါဟာ ထိုင်းနိုင်ငံက အမျိုးသမီးတွေသာမက ကမ္ဘာတဝှမ်းက အမျိုးသမီးတွေအတွက်ပါ အင်အားကြီးတဲ့ လှုံ့ဆော်မှုဖြစ်တယ်လို့ သဝဏ်လွှာမှာရေးသားထားသည်။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အရေးတော်ပုံတွင် ထိုင်းနိုင်ငံက ဆက်လက်ပံ့ပိုးမှုနှင့် မြန်မာပြည်သူများကို ကူညီပေးနေတာတွေအတွက် အိမ်နီးချင်း ထိုင်းနိုင်ငံကို ကျေးဇူးတင်ကြောင်းလည်း သဝဏ်လွှာမှာဖော်ပြထားပြီး မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော အကျပ်အတည်းတွေဖြေရှင်းရာမှာ ဆက်လက်ပံ့ပိုးကူညီပေးဖို့နှင့် ၇၆ နှစ်နီးပါ တည်မြဲခဲ့သော နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာစေဖို့ တွက် လေးလေးနက်နက် ဂုဏ်ယူဝမ်းမြောက်ကြောင်းလည်းပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောဆိုထားသည်။

အမျိုးသား ညီညွတ်ရေးအစိုးရအနေဖြင့် နှစ်နိုင်ငံ ဘုံအကျိုးစီးပွားနှင့် နှစ်နိုင်ငံပြည်သူတွေ ကောင်းစားရေး ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း၊ အထူးသဖြင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် ပြန်လည်ရှင်သန်လာစေရေးရန် ကိစ္စ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိစ္စ၊ နယ်စပ်လုံခြုံရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးကိစ္စ၊ နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုတွေ တိုက်ဖျက်ဖို့နဲ့ ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးတို့ကို တိုးမြှင့်ဆောင်ရွက်ရေးတို့ ပူးပေါင်းလုပ်ဆောင်ကြရန် တိုက်တွန်းထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article