30 C
Yangon

ဟားခါးနှင့် တန့်ဆည်တွင် စစ်ကောင်စီ တပ်သား ၂ ဦး လက်နက်ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်

Must read

ဟားခါးနှင့် တန့်ဆည်တွင် စစ်ကောင်စီ တပ်သား ၂ ဦး လက်နက်ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်

ရန်ကုန်၊ ဩဂုတ် ၂၅

ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်တွင် တာဝန်ထမ်းဆောင်နေသော စစ်ကောင်စီ တပ်သား ၁ ဦး လက်နက်ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်လာကြောင်း Chinland Defense Force-Hakha က ပြောဆိုသည်။

ဩဂုတ်လ ၂၄ ရက်နေ့တွင် ဟားခါးမြို့ပေါ်၌ တာဝန်ထမ်းဆောင်နေသော စစ်ကောင်စီ တပ်သား ၁ ဦးသည် လက်နက်ခဲယမ်းများ ယူဆောင်လာပြီး CDF-Hakha ထံ အလင်းဝင်လာသောကြောင့် ဆုငွေချီးမြှင့်ကာ လုံခြုံသည့် နေရာကို ပို့ဆောင်ထားကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့မ ရဲစခန်းမှ ရဲဒုတပ်ကြပ် ၁ ဦး လက်နက် ခဲယမ်းများ ယူဆောင်လာပြီး ကလေးခရိုင် အမှတ် ၁၁ တပ်ရင်းထံ အလင်းဝင်လာကြောင်း ယနေ့ ဩဂုတ်လ ၂၅ ရက်နေ့တွင် MinKin People’s Defence Force – Mkpdf-2 တပ်ဖွဲ့ က ထုတ်ပြန်ထားသည်။

အဆိုပါ အလင်းဝင်လာသော ရဲဒုတပ်ကြပ် ၁ ဦးသည် G 3 သေနတ် ၁ လက် ၊ ကျည်ဘောက် ၂ ခု ၊ လက်ထိပ် ၁ ခု ၊ လက်ပစ်ဗုံး ၁ လုံး ၊၅.၅၆ ကျည် ၁ တောင့် ၊ ၄.၈ ကျည် ၁ တောင့် ၊ ၉ မမ ကျည် ၇ တောင့်နှင့် ၇.၆၂ ကျည် ၁၇၃ တောင့် ယူဆောင်လာကြောင်း သိရသည်။

အလင်းဝင်လာသော ရဲဒုတပ်ကြပ်ကို လုံခြုံသော တစ်နေရာသို့ ပေးပို့ထားပြီး အခက်အခဲများကြားမှ ကူညီ ခေါ်ထုတ် ပေးခဲ့သော Freedom Revolution Force (FRF) ၊ S.A.F နှင့် နယ်မြေခံ ပကဖ များအား ကျေးဇူး တင်ရှိပါကြောင်းနှင့် စစ်ကောင်စီ တပ်သာများအနေဖြင့် ပြည်သူနှင့်အမြန်ဆုံး ပူးပေါင်းကြရန် MinKin People’s Defence Force – Mkpdf-2 တပ်ဖွဲ့က ပြောဆိုထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article