တောင်ကိုရီးယားနိုင်ငံ အူဆန်မြို့တွင် ကိုရီးယားမြန်မာပူးပေါင်းဆန္ဒပြပွဲ ပြုလုပ်
ရန်ကုန်၊ ဩဂုတ် ၂၅
တောင်ကိုရီးယားနိုင်ငံ အူဆန်မြို့တွင် ကိုရီးယား မြန်မာပူးပေါင်းဆန္ဒပြပွဲကို ယနေ့ သြဂုတ်၂၅ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါဆန္ဒပြပွဲတွင် နွေဦးတော်လှန်ရေးတက်ကြွလှုပ်ရှားသူ ဒယ်ဂူးဘုန်းဘုန်းက သီလပညာအခြေခံကာ ဟန်ချက်ညီညီရိုးသားစွာဖြင့် ပြည်တွင်းပြည်ပ အဖွဲ့ပေါင်းစုံအာဏာရှင်စနစ်ဆိုးက လွတ်မြောက်သည်အထိ ဆက်လက်ဆင်နွှဲကြရန် တိုက်တွန်းစကား မိန့်ကြားခဲ့ကြောင်း သိရှိရသည်။