31 C
Yangon

ငဖဲမြို့နယ်၊ လင်းတဲကျေးရွာဘက်သို့ ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၂ ဦး သေဆုံးပြီး သေနတ် ၁ လက်သိမ်းဆည်းရရှိ

Must read

ငဖဲမြို့နယ်၊ လင်းတဲကျေးရွာဘက်သို့ ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၂ ဦး သေဆုံးပြီး သေနတ် ၁ လက်သိမ်းဆည်းရရှိ

ရန်ကုန်၊ ဩဂုတ် ၂၆

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ လယ်တဲကျေးရွာဘက်သို့ ထွက်လာသော အကြမ်း ဖက်စစ်တပ် စစ်တပ် စစ် ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး သေနတ်တစ်လက် သိမ်းဆည်းရရှိခဲ့ကြောင်း အရှိုချင်း ကာကွယ်ရေးတပ် (ACDF) မှ ပြန်ကြားရေးတာဝန်ခံ ဆလိုင်းခနီလေဗွေက ရန်ကုန်ခေတ် သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ဩဂုတ်လ ၁၉ ရက်နေ့ နံနက် ၁၁ နာရီခန့်အချိန် ငဖဲမြို့နယ်၊ မင်းဘူး – အမ်း ကားလမ်း မ‌ပေါ်ရှိ တုံးကြီး ကျေးရွာအနီး လက်ဖက်ခြံနှင့် တုံးကြီးကျေးရွာ လမ်းဆုံကြားရှိ လက်ဖက်ခြံစခန်းကုန်းပေါ်တွင် တပ် စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့သည် လင်းတဲကျေးရွာဘက်သို့ အင်အား ၂၀ ခန့်ဖြင့် ကင်းရှည် စစ်ကြောင်း ထွက်လာစဉ် အရှိုချင်းကာကွယ်ရေးတပ် – ACDF နှင့် မဟာမိတ် ပူးပေါင်း တပ်တို့က တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ နာရီဝက်ခန့်အကြာ ဖြစ်ခဲ့ကြောင်း သိရ သည်။

ယင်းထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ တပ်ဖွဲ့ဝင် ၂ ဦး ပွဲချင်းပြီးသေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိပြီး ဝရုန်းသုန်းကားဖြင့် နောက် ပြန် ဆုတ်ပြေးသွားကြောင်း၊ တိုက်ပွဲ ဖြစ်ပွားရာနေရာအား နယ်မြေရှင်းလင်းစဉ် MA3 အမျိုးအစား သေနတ်တစ်လက် သိမ်းဆည်းရရှိခဲ့ ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို အရှိုချင်းကာကွယ်ရေးတပ်- ACDF ၊ New Society Army – NSA နှင့် People Independent Army (PIA) တို့ပူးပေါင်းကာ တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့ ဝင်များအထိအခိုက်မရှိ အောင်မြင်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့က ငဖဲမြို့နယ်၊ အရှို(ချင်း)ကျေးရွာ တောင်ပေါ်ဆယ်အုပ်စုအတွင်း ရှိ ပြည်သူပိုင်ပစ္စည်းများဖြစ်သော ဆိုင်ကယ်များကို အ တင်း အဓမ္မလုယူခြင်း၊ ပြည်သူပိုင်ဥယျာဉ်ခြံ အတွင်းရှိ သီးနှံများ ခိုးယူစားသုံးခြင်း၊ ပြည်သူများကိုခြိမ်းခြောက်ခြင်းတို့ မကြာခဏ ပြုလုပ်သောင်း ကျန်း‌ လျက် ရှိပြီး ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီနှင့် ပူးပေါင်းခြင်းမပြုဘဲ တော်လှန် ရေး တပ်ဖွဲ့များဘက်မှ ရပ်တည်ပေးရန် နှိုးဆော်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article