29 C
Yangon

သီပေါမြို့ကို စစ်တပ်က လေကြောင်းဖြင့် ယနေ့ နံနက်အစောပိုင်း ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၂ ဦးသေဆုံးပြီး စာသင်ကျောင်း ၂ ကျောင်းနှင့် နေအိမ်များလည်း ပျက်စီး

Must read

ရန်ကုန်၊ ဩဂုတ် ၂၇

ရှမ်းပြည်နယ်၊ သီပေါမြို့ကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ယနေ့ နံနက်အစောပိုင်း ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂ ဦးသေဆုံးပြီး စာသင်ကျောင်း ၂ ကျောင်းနှင့် နေအိမ်များလည်း ပျက်စီးခဲ့ကြောင်း TNLA ကပြောဆိုသည်။

ယနေ့ သြဂုတ်လ ၂၇ ရက်နေ့ နံနက် အစောပိုင်း ၁ နာရီ ၂၀ မိနစ်မှ ၂ နာရီကျော်ထိ အကြမ်းဖက် စစ်တပ်က ပြည်သူများ အိပ်မောကျချိန် Y-12 လေယာဥ်ဖြင့် ဗုံးအလုံး ၅၀ ကျော် ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း သီပေါမြို့ အုတ်ကျင်းရပ်ကွက်ရှိ အသက် ၆၀ အရွယ် ဦးဖိုးလူနှင့် အသက် ၅၀ အရွယ် ဦးအောင်နိုင်တို့ ၂ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှုအတွင်း အုတ်ကျင်းရပ်ကွက်ရှိ အ.မ.က (၃) စာသင်ကျောင်း(၁)ကျောင်း၊ အမှတ် (၃) အ.ထ.က စာသင်ကျောင်း (၁)ကျောင်းနှင့် ပန်းတိမ်တောင်(မြောက်) ရပ်ကွက်တို့ကို ဗုံးများကျရောက်ပေါက်ကွဲခဲ့ပြီး စာသင်ကျောင်းများနှင့် နေအိမ်များလည်း ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

ဩဂုတ်လ ၁ ရက်နေ့မှ ယနေ့ သြဂုတ်လ ၂၇ ရက်နေ့ အထိ သီပေါမြို့အတွင်း အကြမ်းဖက် စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ် ဗုံးကျဲ တိုက်ခိုက်မှုကြောင့် အရပ်သား ၂၁ ဦး သေဆုံးခဲ့ပြီး ကလေးငယ် ၁၀ ဦးအပါအဝင် ပြည်သူ ၅၉ ခန့် ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article