ဒီကနေ့ ဩဂုတ် ၂၉ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်အပိုင် ပဲခူးရိုးမပေါ် တက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်တပ်ဘက်က စကစ ၆၆ လက်အောက်ခံ တပ်ရင်းမှူး ၁ ဦးအပါအဝင် ၂၀ ကျော်သေဆုံး ပြီး စစ်သားအလောင်းတွေကို ဖောကား ၂ စီးနဲ့ လိုက်ကောက်နေရတယ်လို့ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယားက ပြောပါတယ်။
- ရန်ကုန်လေဆိပ်မှာ PV နိုင်ငံကူးလက်မှတ်နဲ့ ပြည်ပသွားရောက်သူတွေကို သက်သေအထောက်အထား မခိုင်လုံရင် ပြည်ပထွက်ခွင့် မပြုဘူးလို့ စစ်ကောင်စီက ဝန်ခံထုတ်ပြန်လိုက်ပါတယ်။ မနေ့က ပြည်တွင်း သတင်းဌာနတစ်ခုရဲ့ မေးမြန်းချက်ကို စစ်ကောင်စီက ထုတ်ပြန်ဝန်ခံလာတာဖြစ်ပါတယ်။
- စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ အုန်းတောကျေးရွာ၊ မုံရွာ -မန္တလေးလမ်းဘေးမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်တပ်စခန်းကို လက်နက်ကြီး၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၀ ဦး သေဆုံးခဲ့တဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါအယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar