33 C
Yangon

တရုတ်စီမံကိန်းတွေနဲ့ ၀န်ထမ်းတွေကို အကာအကွယ်ပေးဖို့ တရုတ်သံအမတ်က စစ်ကောင်စီကို ထပ်မံပြောဆို

Must read

ရန်ကုန် ၊ သြဂုတ် ၂၉

မြန်မာနိုင်ငံရှိ တရုတ်စီမံကိန်းတွေနဲ့ ၀န်ထမ်းတွေ ဘေးကင်းလုံခြုံရေး အကာ အကွယ်ပေးဖို့ သြဂုတ်လ ၂၇ ရက်နေ့ နေပြည်တော်မှာ တရုတ်သံအမတ် Ms. Ma Jia က စစ်ကောင်စီနိုင်ငံခြားရေး၀န်ကြီး ဦးသန်းဆွေကို ပြောဆိုခဲ့ကြောင်း ရန်ကုန်ရှိ တရုတ်သံရုံးရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

တရုတ်သံရုံးက မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းရေးကို ထိန်းသိမ်းကာကွယ်ဖို့ နေ ပြည်တော်မှာ တရုတ်သံအမတ်နဲ့ စစ်ကောင်စီ၀န်ကြီး ဦးသန်းဆွေတို့ တွေ့ဆုံခဲ့တာကို ထုတ်ပြန်ထားတာဖြစ်ပါတယ်။

အဲဒီတွေ့ဆုံမှုမှာ တရုတ်စီမံကိန်းတွေကို အကာကွယ်ပေးဖို့အပြင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိရဲ့ ခရီးစဉ်အတွင်း သဘောတူညီချက်တွေကို အကောင်အထည်ဖော်ဖို့ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံက တရုတ်စီမံကိန်းတွေ၊ တရုတ်ဝန်ထမ်းတွေနဲ့ တရုတ်-မြန်မာ နယ်စပ်တည်ငြိမ်အေးချမ်းရေးကို လက်တွေ့ကျကျ ကာကွယ်ပေးဖို့ တရုတ်နိုင်ငံ ခြားရေးဝန်ကြီး ဝမ်ယိနဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်တို့ သဘောတူညီမှုရတယ်လို့လည်း တရုတ်သံရုံးဘက်က ထုတ်ပြန်ထားပါတယ်။

တရုတ်သံအမတ်ကြီး မစ္စ မာကျားနဲ့ စစ်ခေါင်း ဆောင် ‌မင်းအောင်လှိုင်နဲ့ တွေ့ဆုံချိန် ဩဂုတ်လ ၂၁ ရက်နေ့ကလည်း တရုတ်စီမံကိန်းတွေကို ကာကွယ်ပေးဖို့ ပြောဆိုခဲ့ကာ အစွမ်းကုန်ကာကွယ်သွားမယ်လို့ စစ်ခေါင်းဆောင်က ကတိပြုပြောဆိုခဲ့တာပါ။

ဒါပြင်ဒီရက်ပိုင်းအတွင်းနေပြည်တော်မှာ တရုတ်သံအမတ်အသစ်က စစ်ကောင်စီရဲ့ စိုက်/မွေး/ဆည်၀န်ကြီး ဦးမင်းနောင်နဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေး၀န်ကြီး ဒေါက်တာကံဇော်တို့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

တရုတ်ရင်းနှီးမြှုပ်နှံမှုတွေပါဝင်တဲ့ စီမံကိန်းတွေ သိမ်းပိုက်ခံလာရချိန်မှာ မြန်မာ နိုင်ငံကို တရုတ်နိုင်ငံ ခြားရေးဝန်ကြီးရောက်ရှိခဲ့တဲ့အပြင် အမျိုးသမီး တရုတ်သံအမတ်နဲ့ ကောင်စစ်ဝန်ချုပ်တွေလည်း အပြောင်းအလဲ ဖြစ်ခဲ့ပါတယ်။

တရုတ်အစိုးရဟာ ၁၉၈၈ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အထိ မြန်မာနိုင်ငံမှာ ရင်းနှီး မြှုပ်နှံမှု အများဆုံး လုပ်ခဲ့သလို လက်ရှိမှာလည်း စင်ကာပူပြီးရင် ရင်းနှီးမြှုပ်နှံမှု ဒုတိယအများဆုံး နိုင်ငံ ဖြစ်ပါတယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

1 COMMENT

Comments are closed.

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article