20 C
Yangon

ရွှေဘိုမြို့နှင့် ရေဖြူမြို့နယ်ရှိ စစ်တပ် ဂိတ်စခန်းများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁ ဦးသေဆုံး

Must read

ရွှေဘိုမြို့နှင့် ရေဖြူမြို့နယ်ရှိ စစ်တပ် ဂိတ်စခန်းများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁ ဦးသေဆုံး

ရန်ကုန်၊ ဩဂုတ် ၃၀

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့တောင်အထွက်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဩဂုတ်လ ၂၈ ရက်နေ့တွင် ရွှေဘိုမြို့နယ်၊ ရွှေဘိုမြို့တောင်အထွက် မုဒ်ဦးတွင် အထိုင်ချ တပ်ဆွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်မှလည်း လက်နက်ငယ်များဖြင့် ပြန်လည် ရမ်းသမ်း ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုမြို့နယ် ပကဖ PDO Drone Team Federal Wings၊ တိုက်နယ် (၅) ပကဖ Fixed Wings Drone အဖွဲ့၊ ဘီလူးညီနောင် ပကဖ Fixed Wings Drone အဖွဲ့၊IC ပကဖ Fixed Wings Drone အဖွဲ့၊ အားမာန်ပကဖ Fixed Wings Drone အဖွဲ့၊ တိုက်နယ် (၅) ပကဖ တိုက်ခိုက်ရေးအဖွဲ့နှင့် နယ်မြေခံ ပကဖ များ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

အလားတူ တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ် ၊ ကံပေါက်ဒေသ ၊ ပယကျေးရွာ ၊ ခွေးမဖောလမ်းဆုံရှိ အကြမ်းဖက် စစ်တပ် ဂိတ်စခန်းကိုလည်း ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၁ ဦး သေဆုံးခဲ့ကြောင်း ရေဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကပြောဆိုသည်။

ဩဂုတ်လ ၂၆ ရက်နေ့ နံနက် ၆ နာရီခန့်တွင် ရေဖြူမြို့နယ် ၊ ကံပေါက်ဒေသ ၊ ပယကျေးရွာ ၊ ခွေးမဖောလမ်းဆုံရှိ အကြမ်းဖက် စစ်တပ် ဂိတ်ချ စစ်ဆေးနေသော စခန်းတစ်ခုကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီးချ၍ လက်နက်ငယ်များဖြင့် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီတပ်သား ၁ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရကာ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ရေဖြူပကဖ) နှင့် နဂါးနီပြောက်ကျားအဖွဲ့ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး ပြည်သူများအနေဖြင့် လက်ရှိ တစ်နိုင်ငံလုံးအတိုင်းအတာနှင့် တိုက်ပွဲများ စစ်ဆင်ရေးလုပ်ငန်း များကို အရှိန်အဟုန် တိုးမြင့်စွာ လုပ်ဆောင်နေကြသည့် အချိန်ကာလတစ်ခု ဖြစ်နေသည့်အတွက် စစ်ရေးအထူး သတိပြု သွားလာလှုပ်ရှား နေထိုင်ကြရန် ရေဖြူမြို့နယ် ပကဖ က အသိပေးထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article