ဒီကနေ့ ဩဂုတ် ၃၀ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- အကြမ်းဖက် စစ်ကောင်စီကို အားပေးထောက်ခံနေတဲ့ တရုတ်နိုင်ငံက TNLA ကို တိုက်ပွဲတွေကို ချက်ချင်းရပ်တန့်ဖို့ ဖိအားပေးခြိမ်းခြောက်လာတယ်လို့ မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့နှင့် နီးစပ်သော သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ပြောပါတယ်။
- အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပဲခူးမြို့ကို ဒီကနေ့မှာပဲ ဘုရားဖူးဖို့ နဲ့ ယတြာချေ ဖို့အပြင် တပ်စစ်ဆေးမှုတွေ လုပ်ဖို့ဆိုပြီး ရောက်နေပြန်တဲ့အတွက် လုံခြုံရေးတွေ အလွန်တင်းကျပ် ထားပြီး မြို့တွင်းနဲ့ မြို့ပြင် ယာဉ်အသွားအလာတွေကို ပိတ်ဆို့ထားတယ်လို့ မြို့ခံတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်မှာရှိတဲ့ ကျောက်ဆိပ်ကုန်းရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်သားတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက် ခြေမှုန်းမှုအတွင်း စစ်ကောင်စီတပ်သား ၁၆ ဦးကတော့ အသီးသီးသေကုန်ကြတဲ့အပြင် ၊ တပ်ကြပ် ၁ ဦးကိုပါ လက်နက်နဲ့အတူ အရှင်ဖမ်းဆီးရမိထားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တက်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar