26 C
Yangon

နွားထိုးကြီး၊ ကျွန်းဒေါင့်ရွာနှင့် ထနောင်းပင်ရွာကို စစ်တပ် ညသန်းခေါင်အချိန် ဗုံးကျဲမှု အမျိုးသမီး ၁ ဦး သေဆုံးပြီး ဘုန်းကြီးကျောင်းနှင့် နေအိမ် ၃ လုံးထက်မနည်း ပျက်စီး

Must read

နွားထိုးကြီး၊ ကျွန်းဒေါင့်ရွာနှင့် ထနောင်းပင်ရွာကို စစ်တပ် ညသန်းခေါင်အချိန် ဗုံးကျဲမှု အမျိုးသမီး ၁ ဦး သေဆုံးပြီး ဘုန်းကြီးကျောင်းနှင့် နေအိမ် ၃ လုံးထက်မနည်း ပျက်စီး

ရန်ကုန်၊ ဩဂုတ် ၃၁

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ကျွန်းဒေါင့်ကျေးရွာဘုန်းကြီးကျောင်းနှင့် ထနောင်းပင်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က ည သန်း ခေါင်အချိန် လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အမျိုးသမီး ၁ ဦးသေဆုံးပြီး ဘုန်းကြီ းကျောင်းနှင့်နေအိမ် ၃ လုံးထက်မနည်း ပျက်စီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ ပြောကြားသည်။

ယနေ့ ဩဂုတ်လ ၃၁ ရက် နံနက် ၁ နာရီ ၂၀ မိနစ်အချိန် နွားထိုးကြီးမြို့နယ်၊ ကျွန်း ဒေါင့် ကျေးရွာ တောင်ဘက်ခြမ်းရှိ ဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် လေ ကြောင်းမှ ဗုံး ၂ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ ဘုန်း ကြီးကျောင်းနှင့်နေအိမ်တစ်လုံး ထိခိုက်ပျက်စီးခဲ့ပြီး လူထိခိုက်မှုမရှိကြောင်း သိရသည်။

“ဗုံးကတော့ ၂ လုံးကျဲသွားတာ၊ ဘုန်းကြီးကျောင်းကို အဓိက ကျဲချသွားတာ။ ဘုန်းကြီးကျောင်း အုတ် တံတိုင်းက ပေ ၂၀ ၊ ၃၀ လောက်ပြိုကျတယ်၊ သစ်ပင်တွေလည်းကျိုးကျတယ်၊ ထန်းပင်တွေလည်း ကျည်စတွေမှန်တယ်၊ ကျောင်း ဆောင် မျက်နှာကျက်၊ မှန်တွေ၊ ပြတင်းပေါက်တွေ၊ တံခါးမှန်တွေရော အကုန်ပြုတ်ထွက် ကွဲကုန်တယ်၊ ပြီးတော့ အိမ်သာတံခါးတွေရော အကုန်ပြုတ်ထွက်ကုန်တာ။ ညက မိုးရွာထားတော့ မြေကစိုနေတာရယ်၊ ဘုန်းကြီးကျောင်းဝိုင်းထဲမှာ ကျတာဆိုတော့ ဘေးက လူနေ အိမ်တစ်လုံးကတော့ မီးဖိုချောင်ပျက်စီးတယ်၊ လူထိခိုက်မှုတော့မရှိဘူး။ ကျောင်းဆောင်သေးသေး လေးထဲ မှာ ကိုရင်လေးတွေ ကြိမ်းတယ်၊ မနေ့ည မိုးက တအားရွာနေလို့ အဲဒီကျောင်း ဆောင်ထဲကနေ ပြောင်းလိုက်တာ။ ပြောင်းလိုက်လို့ ကိုရင်လေးတွေဘာမှမဖြစ်တာ။ ဒီမှာ မချခင်ကလည်း ၂ လုံးချ သွား သေးတယ်၊ ဘယ်မှာချတယ်တော့ မသိဘူး။” ဟု ဒေသနေပြည်သူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

အလားတူ ယနေ့ နံနက် ၁ နာရီ ၃၀ မိနစ်အချိန်တွင်လည်း နွားထိုးကြီးမြို့နယ်၊ ထနောင်းကုန်းရွာကို အ ကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် ဗုံးသီး ၁ လုံးကျဲချတိုက်ခိုက်ခဲ့ရာ အမျိုးသမီး ၁ ဦး သေဆုံး ပြီး နေအိမ် ၂ လုံးထက်မနည်းပျက်စီးကာ နွား ၂ ကောင်လည်း သေဆုံးခဲ့ကြောင်း၊ ထို့အပြင် နွားထိုးကြီး မြို့မရဲစခန်းမှလည်း နွားထိုးကြီးမြို့တောင်ဘက်သို့ ဩဂုတ်လ ၃၀ ရက် ညနေပိုင်းက လက်နက်ကြီး ၅ လုံးပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

လတ်တလော နွားထိုးကြီးမြို့နယ်တွင် စစ်ကောင်စီတပ်များနှင့် တော်လှန်ရေး တပ်များအကြား စစ်ရေး တင်းမာလျက်ရှိပြီး တော်လှန်ရေးတပ်များက စစ် တပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်မှုများလုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article