ရန်ကုန်အပါအဝင် တစ်နိုင်ငံလုံးတွင် စက်သုံးဆီဝယ်ယူခွင့်ကို ဆီထုတ်စမတ်ကတ်များဖြင့်သာ ဆောင်ရွက်ရန် စစ်ကောင်စီအတွင်း ဆွေးနွေးနေ၊ ယင်းစနစ်အရ တစ်နေ့လျှင် တစ်ကြိမ်သာ ဆီဝယ်ယူခွင့် ကန့်သတ်ဖွယ်ရှိဟုဆို
ရန်ကုန်၊ စက်တင်ဘာ ၁
ရန်ကုန် အပါအဝင် မြန်မာတစ်နိုင်ငံလုံးတွင် စက်သုံးဆီဝယ်ယူခွင့်ကို ဆီထုတ် စမတ်ကတ် (Smart Card) ဖြင့်သာ ဝယ်ယူခွင့်ပြုရန် စစ်ကောင် စီအတွင်းဆွေး နွေးလျက်ရှိကြောင်း မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချ ဖြန့်ဖြူးသူများအသင်းထံမှ စုံစမ်းသိရှိရသည်။
အကြမ်းဖက်စစ်ကောင်စီအနေဖြင့် စက်သုံးဆီတင်သွင်းသူများထံသို့ လိုအပ်သော အမေရိကန်ဒေါ်လာများကို စျေးကွက်ပေါက်စျေးဖြင့် သက်သာစျေးဖြင့် အမြဲရောင်းချပေးနိုင်ခြင်းမရှိတော့သဖြင့် စက်သုံးဆီ ဝယ်ယူခွင့်များကို ကန့် သတ်ရန်ရှိနေသော ဆီထုတ် စမတ်ကတ်များ ထုတ်ပေးကာ အကန့် အသတ်ဖြင့် ဆီဝယ်ယူခွင့်ပြုမည့် စနစ်ကို စတင်ရန် ဆွေးနွေးနေခြင်းဖြစ် ကြောင်း သိရှိရသည်။
“အခု သွင်းကုန်တင်သွင်းခွင့် စနစ်သစ်တွေ လည်းပြောင်းနေပြီ။ ပို့ကုန်ရငွေ ရှိမှ သွင်းကုန်တင်သွင်းခွင့်ရှိမယ်။ သွင်းကုန် လိုင်စင်လျှောက်ခွင့်ရှိတယ်။ အဲဒီစနစ် အရ စက်သုံးဆီဘက်မှာလည်း အပြောင်းအလဲတွေ ရှိမယ်လို့ သိရတယ်။ ဆီထုတ်စမတ်ကတ်နဲ့သွားမယ်လို့လည်းပြောတယ်။ ဘယ်လို ကန့်သတ်မလဲတော့မသိသေးဘူး။ ဆွေးနွေးနေကြတုန်းပဲ။ သိပ်မကြာခင်တော့ တိတိကျကျ ထွက်လာပြီး အကောင်အထည်ဖော်မယ်လို့ သိရတယ်။ ဘယ်လိုလာမလဲ၊ ဘယ် တော့လာမလဲတော့ မသိသေးဘူး။ ဆွေးနွေးမှုတွေတော့ ရှိနေပြီ” ဟု မြန်မာ နိုင်ငံစက်သုံးဆီတင်သွင်းရောင်းချ ဖြန့်ဖြူးသူများအသင်းသတင်းရင်းမြစ်က ပြောဆိုသည်။
လက်ရှိတွင် စက်သုံးဆီအရောင်းဆိုင်များ မကြာခဏဆိုသလို ဆီပြတ်လပ်မှုများဖြစ်ပေါ်ပြီး ဆီဆိုင်များတွင် ကားတန်းများ တန်းစီ ဝယ်ယူရခြင်းများ ဆက်တိုက်ဆိုသလိုဖြစ်ပေါ်နေကြောင်း၊ စစ်ကောင်စီအနေဖြင့်လည်း စက်သုံးဆီတင်သွင်းရန်အတွက် အမြဲလိုလို အမေရိကန်ဒေါ်လာကို ရောင်းချပေးနိုင်ခြင်းမရှိတော့သဖြင့် မူဝါဒ အပြောင်းအလဲများ ရှိလာမည်ဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ- ယမန်နေ့ ညနေပိုင်း ရန်ကုန်ရှိ ကမ္ဘာအေး New Day ဆီဆိုင်တွင် စက်သုံးဆီ ဝယ်ယူရန် တန်းစီနေသော အိမ်စီးကားတစ်စီး။