28 C
Yangon

လားရှိုးမြို့ကို ညအချိန် စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲမှု အရှက်မရှိသော အကြမ်းဖက်သမား၏ သဘော သဘာဝကို ပေါ်လွင်စေဟု MNDAA က တရားဝင် ထုတ်ပြော

Must read

လားရှိုးမြို့ကို ညအချိန် စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲမှု အရှက်မရှိသော အကြမ်းဖက်သမား၏ သဘော သဘာဝကို ပေါ်လွင်စေဟု MNDAA က တရားဝင် ထုတ်ပြော

ရန်ကုန်၊ စက်တင်ဘာ ၁

ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့ကို ညအချိန် စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲမှုသည် အရှက်မရှိသော အကြမ်းဖက်သမား၏ သဘော သဘာဝကို ပေါ် လွင် စေဟု MNDAA က တရားဝင် ထုတ်ပြောလိုက်သည်။

ဩဂုတ်လ ၃၀ ရက်နေ့ ညပိုင်းတွင် မင်းအောင်လှိုင်၏ အာဏာသိမ်းစစ်တပ်က လားရှိုးမြို့၌ ရုတ်တရက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ အရပ် သားများ အထိတ်တလန့် ဖြစ်ခဲ့ရကြောင်း၊ လားရှိုးမြို့သည် တဖြည်း ဖြည်း တည်ငြိမ်လာပြီး ဒေသခံများ ပြန်လည် အသက်မွေးဝမ်းကြောင်းပြုရန် ၎င်းတို့၏ နေရပ်မြို့သို့ ပြန်လာနေချိန် သြဂုတ် ၃၀ ရက် ည ၈ နာရီ ၄၅ မိနစ်တွင် တစ်ကြိမ် နှင့် ည ၈ နာရီ ၅၀ မိနစ်တို့တွင် တစ်ကြိမ် စာသင်ကျောင်းများနှင့် လူနေရပ်ကွက်များကို စစ်ကောင်စီက ပစ်မှတ်ထား လေယာဉ်ဖြင့် ဗုံးကျဲတိုက် ခိုက် သွားခဲ့ကြောင်း သိရှိရသည်။

စစ်ကောင်စီက လားရှိုးမြို့ အမှတ် ၉ ရပ်ကွက်၊ အမှတ် ၈ အခြေခံပညာ အထက် တန်းကျောင်းသို့ လေယာဉ်ဖြင့် ဗုံးများ ကျဲချခဲ့ပြီး စာ သင်ကျောင်းအတွင်း အဆောက်အဦးအများအပြား ပျက်စီးခဲ့ကြောင်း၊ အမှတ် ၈ အခြေခံ ပညာ အထက်တန်းကျောင်း အနီးရှိ လူနေ အဆောက် အအုံ တစ်ခုပေါ်သို့ နောက်ထပ် လေကြောင်း တိုက်ခိုက်မှု ဗုံးတစ်လုံး ကျခဲ့ပြီး အပေါ်ဆုံးထပ်မှာ ထိခိုက်ပျက်စီးမှုများခဲ့ကြောင်း သိရှိရသည် ။

လေကြောင်း တိုက်ခိုက်မှု အပြီးတွင် လားရှိုးဧရိယာစစ်ရေးအုပ်ချုပ်မှုကော်မ တီ က အခင်းဖြစ်ပွားရာ နေရာသို့ အမြန် သွားရောက် ကယ်ဆယ်ရန် တပ်ဖွဲ့ဝင်များ စေလွှတ်ခဲ့ပြီး ကံကောင်းထောက်မစွာဖြင့် လေကြောင်း တိုက်ခိုက်မှု ကြောင့် ထိခိုက်သေဆုံးမှု မရှိခဲ့ကြောင်း၊ လက်ရှိတွင် ပျက်စီးဆုံးရှုံးမှုကို သက် ဆိုင်ရာဌာနတွေက တွက်ချက်နေကြောင်း သိရှိရသည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှု မရှိသော်လည်း ဒေသ ပြည်သူများ အထိတ်တလန့်ဖြစ်ခဲ့ရကြောင်း ၊ စီးပွားရေးလုပ်ငန်းများ ပြန်လည်စတင်ကာ ဘဝသစ်တစ်ခုစတင်ရန် နေရပ်သို့ ပြည်သူများ တဖြည်း ဖြည်း ပြန်လာ‌နေချိန်တွင် မင်းအောင်လှိုင်၏ အာဏာသိမ်းတပ်က ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ဂရုမစိုက်ဘဲ စစ်ရေးပစ်မှတ် မဟုတ်သော လူနေအိမ်များနှင့် စာသင် ကျောင်းများကို ဗုံးကြဲခဲ့သည်။ ဗုံးဖောက်ခွဲမှုများကြောင့် ပြည်သူတို့အား ထိတ်လန့်‌စေရန် အရှက်မရှိသော ကြိုးပမ်းမှုနှင့် ပြည်သူများကို အိမ်မပြန်ရန်နှင့် ၎င်းတို့၏ ပုံမှန်ဘဝများ ပြန်လည်အသက်ဝင်လာသည်ကို တားဆီးခြင်းသည် အကြမ်းဖက်သမား၏ သဘောသဘာဝကို တစ်ဖန် ပေါ်လွင်စေခဲ့ကြောင်း MNDAA ထောက်ပြ ဝေဖန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article