26 C
Yangon

သထုံတွင် ညအချိန် ပြောင်းရွှေ့နေသည့် တပ်မိသားစုဝင်များ လိုက်ပါသော ကား ပစ်ခတ်ခံရပြီး ၄ ဦးထက်မနည်းသေဆုံး ၊ စစ်ကောင်စီက ခရီးသည်တင်ကားကို ပစ်ခတ်ဟု လိမ်လည်သတင်းထုတ်

Must read

သထုံတွင် ညအချိန် ပြောင်းရွှေ့နေသည့် တပ်မိသားစုဝင်များ လိုက်ပါသော ကား ပစ်ခတ်ခံရပြီး ၄ ဦးထက်မနည်းသေဆုံး ၊ စစ်ကောင်စီက ခရီးသည်တင်ကားကို ပစ်ခတ်ဟု လိမ်လည်သတင်းထုတ်

ရန်ကုန်၊ စက်တင်ဘာ ၂

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ညအချိန် နေရာ ပြောင်းရွှေ့နေသည့် တပ်မိသားစုဝင်များ လိုက်ပါသော ကား ပစ်ခတ်ခံရပြီး ၄ ဦးထက်မနည်းသေဆုံးကာ စစ်ကောင်စီက ခရီးသည်တင်ကားကို ပစ်ခတ်ဟု လိမ်လည်သတင်းထုတ်ပြန်ကြောင်း သိရှိရသည်။

စက်တင်ဘာလ ၁ ရက်နေ့ ည ၈ နာရီခွဲအချိန် သထုံမြိုနယ်၊ ဒုံဝန်းကျေးရွာအုပ်စု၊ ရန်ကုန်-မော်လမြိုင် လမ်းမကြီးဘေးရှိ ကမာစိုင်ကျေးရွာအနီးတွင် သထုံဘက်မှ ဘီးလင်းဘက်သို့ မောင်းနှင် နေရာပြောင်းရွှေ့လာသည့် တပ်မိသားစုဝင်များလိုက်ပါသော ကားကို ပစ်ခတ်မှုဖြစ်ပွားကြောင်း၊ အဆိုပါ ပစ်ခတ်မှုကြောင့် ကားပေါ်ပါ လူ ၄ ဦးသေဆုံးခဲ့ကြောင်း၊ အများအပြား ထိခိုက်ဒဏ်ရာရရှိကြောင်း သိရှိရသည်။

“တပ်မိသားစုတွေ ညဘက် ခိုးကြောင်ခိုးဝှက် နေရာပြောင်းကြတာ။ လောလောဆယ် သိရတာ ၄ ဦးသေတယ်လို့ သိရတယ်။ ကားပေါ်ပါသူအားလုံးက တပ်မိသားစုဝင်တွေလို့သိရတယ်။ ဒဏ်ရာရသူတွေလည်းရှိတယ်။ ဖရဲသီးသတင်းအတိအကျပေးလို့ စောင့်ပစ်ခံရတယ်လို့သိရတယ်” ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောဆိုသည်။

စစ်ကောင်စီလော်ဘီများမှ တစ်ဆင့် ထုတ်ပြန်လာသော စစ်တပ်သတင်းထုတ်ပြန်ချက်များတွင် KNU နှင့် PDF က ခရီးသည်တင်ကားကို ယမန်နေ့ညပိုင်း ပစ်ခတ်ခဲ့သဖြင့် ၂ ဦးသေဆုံးညပီး အများအပြား ဒဏ်ရာရရှိကြောင်း ဖော်ပြထားသည်။

မွန်ပြည်နယ်တွင် KNU နှင့် PDF များက မဟာဗျူဟာမြောက် ထိုးစစ်များ စတင်မည်ဆိုသော သတင်းများထွက်ပေါ်လျက်ရှိသဖြင့် စစ်ကောင် စီတပ်များတွင် လုံခြုံရေးတိုးမြှင့်ခြင်း၊ တပ်မိသားစုဝင်များကို နေရာပြောင်းရွှေ့ခြင်း၊ အမြဲမပြတ် လုံခြုံရေးများ တင်းကျပ်လာခြင်းများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article