ရန်ကုန်၊ စက်တင်ဘာ ၃
အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ယနေ့တွင် တောင်ကြီးမြို့သို့ ရောက်ရှိလာပြီး တောင်ကြီးမြို့တစ်ခွင်နှင့် တောင်ကြီးအတက်၊ အဆင်းလမ်းများတွင် လုံခြုံရေးအထူးတင်းကျပ်ထားခဲ့ကြောင်း ဒေသပြည်သူများနှင့် စစ်ဘက်သတင်းရင်းမြစ်များက ပြောဆိုသည်။
ဩဂုတ်လနှောင်းပိုင်းနှင့် စက်တင်ဘာလ ဆန်းပိုင်းတွင် မန္တလေး၊ တောင်ငူ၊ ပဲခူး၊ ရန်ကုန်မြို့များသို့ ဆက်တိုက် သွားရောက်ခဲ့သော အကြမ်း ဖက်မင်းအောင်လှိုင်က ယနေ့တွင် တောင်ကြီးမြို့သို့ လုံ ခြုံရေး အလွန်ထူထပ်စွာဖြင့် ရောက်ရှိလာခဲ့ကြောင်း၊ အထူးသဖြင့် ဆက်သွယ်ရေး ဖြတ်တောက်ရာ တွင် အဓိက အသုံးပြုသည့် Jammer များကို နေရာအနှံ့ တိုင်ထူ၍ ဒရုန်းဖြင့် ဗုံးကျဲခြင်း၊ အဝေးထိန်းစနစ်ဖြင့် ဗုံးခွဲ တိုက်ခိုက်မှုများ မဖြစ်ပေါ်စေရန် လုံခြုံရေး အထူးဂရုပြုဆောင်ရွက်နေကြောင်း ဒေသပြည်သူများနှင့်ဒေသ စစ်ဘက်သတင်းရင်းမြစ်က ဆိုသည်။
တောင်ကြီးမြို့ရောက်ရှိစဉ် အကြမ်းဖက် မင်းအောင်လှိုင်သည် ခရီးစဉ်တိုင်းတွင် ၎င်း လုပ်လေ့ရှိသည့် ဘုရားဖူးခြင်း၊ စစ်ဆေးခြင်းနှင့် ဌာနဆိုင်ရာများကို တွေ့ဆုံခြင်းများကို လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar