ဆားလင်းကြီးမြို့နယ်တွင် ၁ဝ၂၇ ဒုတိယလှိုင်းကို ထောက်ခံကြိုဆိုကြောင်း စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်စစ်ကြောင်း ချီတက်
ရန်ကုန်၊စက်တင်ဘာ ၃
ဆားလင်းကြီးမြို့နယ်တွင် ၁ဝ၂၇ ဒုတိယလှိုင်းကိုထောက်ခံကြိုဆိုကြောင်းနှင့် ၁ဝ၂၇ လှိုင်းသည် ပြည်သူလူထု၏ အနာဂတ်၊ မျှော်လင့်ချက်ဖြစ်ကြောင်း “ ၁၀၂၇ second wave is our future” စာသားကို ကိုင်ဆောင်ပြီး လက်ပံတောင်းတောင်ဒေသ သပိတ်အင်အားစုက စက်တင်ဘာလ ၃ ရက်နေ့တွင် သပိတ်ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။