ရေဦးမြို့ အဝင်ဂိတ်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်ကောင် စီတပ်သားများ ထိခိုက်မှုရှိ
ရန်ကုန်၊ စက်တင်ဘာ ၃
စစ်ကိုင်းတိုင်း၊ ရေဦးမြို့ အဝင်ဂိတ်ကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက် ခိုက်ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိကြောင်း Wolf Guerrilla LPDF(YE-U)အဖွဲ့ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
စက်တင်ဘာလ ၂ ရက်နေ့ ည ၉ နာရီခန့်တွင် ရေဦးမြို့အ၀င် ရေဦး-ဒီပဲယင်း လမ်းပိုင်းရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂၀ ခန့်ရှိသော စစ်ဆေးရေး ဂိတ်ကို Wolf Guerrilla LPDF(YE-U)အဖွဲ့က လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ဗိုလ်ရုပ်ကဆိုး ဦးဆောင်သော Wolf Guerrilla LPDF (YE-U) အဖွဲ့က ပြုလုပ်ခဲ့ပြီး ဂိတ်စခန်း အနီးတစ်ဝိုက်ကို ကျရောက်ပေါက်ကွဲကာ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိကြောင်း၊ ထို့ပြင် အ ကြမ်းဖက် စစ်တပ်ဘက်မှလည်း ၁၂၀ မမ ၊ ၆၀ မမ ၊ စက်လက်များ၊ လက် နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
“စစ်ခွေး ထိခိုက်မှုရှိပါတယ်။ အရေအတွက် ကိုလည်း အတည်မပြုနိုင်သေးဘူး။ ကျွန်တော်တို့ ဆက်လက် စုံစမ်းနေပါတယ်။ တော်လှန်ရေး ရဲဘော်တွေတော့ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု Wolf Guerrilla LPDF(YE-U)အဖွဲ့ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။