27 C
Yangon

ပေါက်ခေါင်းမြို့နယ်တွင် ဘော်ဒါရွာ အုပ်ချုပ်ရေးမှူး လက်နက်ကိုင် ပျူစောထီး ခေါင်းဆောင် ခင်မောင်ဝင်း ရဲကင်းအနီး ပစ်ခတ်ခံရပြီး သေဆုံး

Must read

ရန်ကုန်၊ စက်တင်ဘာ ၄

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်တွင် ဘော်ဒါရွာ အုပ်ချုပ်ရေးမှူး လက်နက်ကိုင်ပျူစောထီး ခေါင်းဆောင် ခင်မောင်ဝင်းကို ရဲကင်းအနီး ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ၃၆၀၁ PPDF တပ်ရင်း စစ်ထောက်လှမ်းရေးနှင့် သတင်းပြန်ကြားတာဝန်ခံ က ရန်ကုန်ခေတ်သစ်မီဒီယာကို ပြောဆိုသည်။

စက်တင်ဘာလ ၂ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်အချိန် ပြည်-တောင်ငူ လမ်းပိုင်းရှိ ရဲကင်း အနီးတွင် ဘော်ဒါရွာ အုပ်ချုပ်ရေးမှူး လက်နက်ကိုင်၊ ပျူစောထီးခေါင်းဆောင် ခင်မောင်ဝင်းကို တော်လှန်ရေး ရဲဘော်များက ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော ပျူစောထီး ခေါင်းဆောင် အုပ်ချုပ်ရေးမှူး ခင်မောင်ဝင်းသည် အကြမ်းဖက် စစ်ကောင်စီနှင့် ပူးပေါင်းပြီး ကျေးရွာအုပ်စုအတွင်း ပြည်သူများကို အတင်းအဓ္မ စစ်မှုထမ်းရန် ခေါ်ဆောင်ခြင်း၊ စစ်မှုထမ်းရန် ပေါ်တာဆွဲ ဖမ်းဆီးခြင်း၊ တိမ်းရှောင်နေသူများကို စစ်တပ်ထံသို့ သတင်းပေးခြင်း၊ ပျူစောထီး သင်တန်းပေးခြင်း၊ မတရားငွေညှစ်တောင်းခံခြင်း တို့ကို ပြုလုပ်နေခြင်းကြောင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၃၆၀၁ PPDF တပ်ရင်း စစ်ထောက်လှမ်းရေးနှင့် သတင်းပြန်ကြားတာဝန်ခံ က ရှင်းပြသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ် ရင်း၃၆၀၁ PPDF တပ်ရင်း တပ်ခွဲ(၄) ၊ တပ်ခွဲ(၅) နှင့် ရွှေတောင် (ပကဖ) အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး ပြည်ခရိုင် အတွင်းရှိ ရပ်/ကျေး အုပ်ချုပ်ရေးမှူးတို့သည်လည်း ခင်မောင်ဝင်း ကဲ့သို့ အရေးယူခြင်းမခံရစေရန် အချိန်မီ နုတ်ထွက်ကြပါရန် ၃၆၀၁ PPDF တပ်ရင်း စစ်ထောက်လှမ်းရေးနှင့် သတင်းပြန် ကြား တာဝန်ခံ က သတိပေးသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article