27 C
Yangon

ဖားကန်မြို့အနီးတွင် ယနေ့ မွန်းလွဲပိုင်း စစ်တပ်နှင့် KIA ပူးပေါင်းတပ်များ တိုက် ပွဲ အပြင်းအထန်ဖြစ်နေပြီး ပြည်သူများ တိမ်းရှောင်နေရ

Must read

ရန်ကုန်၊ စက်တင်ဘာ ၄

ကချင်ပြည်နယ်၊ ဖားကန့်မြို့အနီးတွင် ယနေ့ မွန်းလွဲပိုင်းမှစတင်၍ စစ်တပ်နှင့် KIA ၊ PDF ပူးပေါင်းတပ်များအကြား တိုက်ပွဲ အပြင်းအထန် ဖြစ်နေပြီး ပြည်သူများထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ စက်တင်ဘာလ ၄ ရက်နေ့ မွန်းလွဲ ၁ နာရီမှစတင်၍ ဖားကန့်မြို့မှ အင် အား ၁၀၀ ကျော်ဖြင့် ကျန်ဂပ်ဘက်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်များကို KIA ၊ PDF ပူးပေါင်းတပ်များက ၀ိုင်းဝန်း ပိတ်ဆို့တိုက်ခိုက်နေကြောင်း၊ တိုက်ပွဲဖြစ်ပွားနေချိန် ဖားကန့်မြို့ရှိ စစ်ကောင်စီတပ်များက လက် နက်ကြီးများဖြင့် ပစ်ကူပေးနေကြောင်း၊ လက်ရှိအချိန်တွင် တိုက်ပွဲ အပြင်း အထန်ဖြစ်နေကြောင်း သိရှိရသည်။

“ဖားကန့်ကနေ ကျန်ဂပ်ဘက် စစ်ကြောင်းထိုးလာတဲ့ အင်အား ၁၀၀ ကျော် စစ်ကောင်စီစစ်ကြောင်းကိုKIA PDF ပူးပေါင်း ပြီးပိတ်ဆို့တိုက် ခိုက်နေတယ်။ အခု ဖားကန့်မြို့နယ်၊ ထုံးဘို ရပ်ကွက်၊ ကျန်ဂပ်ရပ်ကွက်၊ စည်ပင် ရပ်ကွက်၊ ပြည်သူတွေ ကို KIA PDF က ရှောင်ခိုင်းလို့ အားလုံး ရှောင်ကုန်ကြပြီ။ ဖားကန့်ဗျူဟာကုန်းကနေ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ကူနေတယ်။ တိုက်ပွဲကတော့ အရမ်း ပြင်းထန်နေတယ်” ဟု KIA စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

လက်ရှိတွင် ကချင်ပြည်နယ်၊ ကျောက်စိမ်းမြို့တော် ဖားကန့်တွင် စစ်ကောင်စီတပ်များ ကင်းစင်ရန်နှင့် အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ရန် အဓိက စစ်ကောင် စီတပ်စခန်း ၇ ခု ကျန်ရှိနေသေးပြီး နယ်မြေစိုးမိုးမှုကို KIA က ရယူထားနိုင်ပြီဖြစ် ကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုခဲ့သည်။

ကမ္ဘာ့ တန်ဖိုးအကြီးဆုံး ကျောက်စိမ်းများ ထွက်ရှိရာ ဖားကန့်မြို့နယ်တွင် စစ်ကောင်စီ၏ အဓိက တပ်စခန်း ၇ ခုကျန်ရှိနေရာတွင် ကံစည်းဗျူဟာကုန်း၊ အောင် ဘာလေတပ်စခန်း၊ မဇွပ်ယန်ထောင် တပ်စခန်း၊ လယ်ပြင်ယမ်းချက်၊ ဆိုင်းတောင်ရဲစခန်းကုန်း၊ ဖားကန့်ဗျူဟာကုန်း ၊ ဖားကန့်ရဲစခန်း တို့ ကျန်ရှိသေးကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article