27 C
Yangon

ခင်ဦးမြို့နယ်၊ မဒေါင်းလှရွာရှိ စစ်စခန်းကို စစ်ကူလာသော စစ်ကြောင်းက ကျေးရွာ ၆ ရွာကို ၃ ရက်ဆက် မီးရှို့ဖျက်ဆီးနေပြီး နေအိမ် အများအပြား မီးလောင်ပျက်စီး

Must read

ရန်ကုန်၊ စက်တင်ဘာ ၄

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မဒေါင်းလှရွာရှိ စစ်စခန်းကို စစ်ကူလာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ကျေးရွာ ၆ ရွာကို ၃ ရက်ဆက် မီးရှို့ဖျက်ဆီးနေပြီး နေအိမ် အများအပြား မီးလောင်ပျက်စီးထားကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

စက်တင်ဘာလ ၂ ရက်နေ့ကစတင်ပြီး မဒေါင်းလှရွာရှိ စစ်စခန်းကို စစ်ကူလာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ငကြိုင်းရွာကို ဝင်ရောက် စီးနင်းမီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ စက်တင်ဘာလ ၃ ရက်နေ့တွင် အင်ကြင်းပင်ရွာ၊ စောကြီးရွာ၊ သနပ်စိန်ရွာနှင့် ဖန်းခါးကုန်းရွာတို့ကို ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ယနေ့ စက်တင်ဘာလ ၄ ရက်နေ့ နံနက် အစောပိုင်းတွင် အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မဒေါင်းလှရွာမှ ထပ်မံထွက်ခွာလာပြီး ပေါက်တောရွာကို မီးရှို့ဖျက်ဆီးပြီးနောက် မဒေါင်းလှရွာကို ပြန်ဝင်သွားကြောင်း သိရှိရသည်။

“၂ ရက်နေ့က ငကြိုင်းရွာကို စစ်ခွေးတွေ မီးရှို့တယ်။ ၃ ရက်နေ့မှာ နောက်ထပ် ၄ ရွာကို ထပ်ရှို့တယ်။ ဆက်တိုက်ကို ရှို့နေတာ ဒီနေ့နံနက် အစောပိုင်းလည်း ပေါက်တောရွာကို ထပ်ရှို့တယ်။ ပျက်စီးဆုံးရှုံးမှု အရေအတွက်တော့ မသိရသေးဘူး။ ပျက်စီးမှု များနိုင်တယ်” ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article