31 C
Yangon

အင်းစိန်ထောင်တွင် အကျဉ်းဦးစီးဌာန၏ လက်ကိုင်တုတ် ရာဇဝတ်အကျဉ်း သားက နိုင်ငံရေးအကျဉ်းသား ၁ ဦးကို အမျိုးသားချင်း မုဒိမ်းပြုကျင့်မှု ကျူး လွန်သူကို ထောင်အာဏာပိုင်များက အရေးမယူ

Must read

ရန်ကုန်၊ စက်တင်ဘာ ၄

အင်းစိန်အကျဉ်းထောင်တွင် နိုင်ငံရေး အကျဉ်းသားတစ်ဦးကို အကျဉ်းဦးစီးဌာန၏ လက်ကိုင်တုတ် ရာဇဝတ်အကျဉ်းသားက မုဒိမ်းပြုကျင့်မှု ဖြစ်ပွားခဲ့သော်လည်း အကျဥ်းထောင်အာဏာပိုင်များက ကျူးလွန်သူကို အရေးယူခြင်းမရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောကြားသည်။

အင်းစိန်ထောင်တွင် ပုဒ်မ ၅ (ည) ဖြင့် ထောင်ဒဏ် ၁၁ နှစ်ချမှတ်ခံထားရသူ အသက် ၂၅ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသားတစ်ဦးကို ပုဒ်မ ၃၇၆ မုဒိန်းမှုဖြင့် ထောင်ဒဏ် ၁၀ နှစ် ကျခံနေရသည့် ရာဇဝတ်အကျဉ်းသား ဇင်မျိုးကို (ခေါ်) မျိုးကြီး က ဩဂုတ်လ ၂၀ ရက်နေ့ နံနက် ၃ နာရီဝန်းကျင်တွင် ခြိမ်းခြောက်ထိုးကြိတ်၍ အလိုမတူဘဲ မုဒိမ်း ပြုကျင့်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါဖြစ်စဉ်တွင် အဆောင်မှူး အကျဉ်းဦးစီးဝန်ထမ်း အောင်ကျော်ဆင့်က မုဒိမ်းပြုကျင့်သူ အခန်းသူကြီး ရာဇဝတ်အကျဉ်းသား ဇင်မျိုးကို (ခေါ်) မျိုးကြီး ကို ထိရောက်သည့် အပြစ်ပေးအရေးယူဆောင်ရွက်မှု မပြုသည့်အပြင် မုဒိမ်းမှုဖြစ်ပွားခဲ့သည့် သတင်းကို ဖုံးကွယ်ပေးခဲ့ကြောင်း၊ ထို့ပြင် ထောင်ပြင်ပနှင့်အကျဉ်း ထောင်အတွင်း ထိုသတင်းပေါက်ကြားပါက ကျူးလွန်ခံရသူနှင့် ကျူးလွန်သူနှစ်ဦးစလုံးအား တိုက်ပိတ်အရေးယူမည်ဟု ခြိမ်းခြောက်ပြောဆို နှုတ်ပိတ်ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောကြားသည်။

“ဒီနှစ်ထဲ ကျွန်တော်တို့(PPNM) ဖော်ထုတ်ရရှိတဲ့ မှတ်တမ်းနှင့်အချက်အလက်တွေအရ ထောင်‌‌အတွင်းမှာ နိုင်ငံရေးအကျဉ်းသားတွေအပေါ် အခြားရာဇဝတ် အကျဉ်းသားအခန်းလူကြီး‌တွေက မုဒိမ်းပြုကျင့်တာ နှစ်ကြိမ်ရှိပါပြီ။ အခုအင်းစိန်မှာ နိုင်ငံရေးအကျဉ်းသားကို မုဒိမ်းကျင့်ခဲ့တဲ့ ဇင်မျိုးကို ခေါ် မျိုးကြီးဟာ အရင်ကလည်း အကျဉ်းသားအချင်းချင်း မုဒိမ်းကျင့်မှုကို ကျူးလွန်ခဲ့ဖူးတဲ့ ဖြစ်စဉ်ရှိခဲ့တယ်လို့ သိထားပါတယ်။ ဒီလို ရာဇဝတ်သား အခန်းသူကြီးတွေက အခုလို မုဒိမ်းကျင့် ကျူးလွန်ခွင့်ရနေခြင်းဟာ အကျဉ်းဦးစီးဝန်ထမ်းတွေရဲ့ အကာအကွယ်ပေးမှုနဲ့ ယခုကဲ့သို့ သတင်းမပျံ့ဖို့ နှုတ်ပိတ်ပေးထားမှုတွေကြောင့် ပိုဆိုးရွားလာနေခြင်းဖြစ်ပါတယ်”ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောဆိုသည်။

အ‌ကျဉ်းဦးစီးဌာန၏ ဝန်ထမ်း အ‌ဆောင်မှူးအောင်ကျော်ဆင့်သည် အင်းစိန်ထောင်ပိုင် ဇော်လင်းအောင်၏ တပည့်အရင်းဖြစ်ကြောင်း၊ ၎င်းတာဝန်ယူ အုပ်ချုပ်ခွင့်ရသည့် အဆောင်အတွင်း ငွေကြေးရယူ၍ ရာဇဝတ်အကျဉ်းသားများကို အကျဉ်းသားအချင်းချင်း အုပ်ချုပ်ရသည့် ရာထူးအာဏာများပေးထားပြီး ရာဇဝတ်အကျဥ်းသားများက နိုင်ငံရေးအကျဉ်းသားများကို လူမဆန်စွာ ဆက်ဆံခြင်း ၊ ရိုက်နှက်ခြင်း ၊ ခြိမ်းခြောက်ငွေညှစ်ခြင်း၊ ယခုဖြစ်စဉ်ကဲ့သို့ အလိုမတူဘဲ မုဒိမ်းပြုကျင့်ခြင်းအမှုများကို ဖုံးကွယ်ပေးခြင်းဖြင့် ထောင်တွင်းစီးပွားရှာဖွေလျက်ရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)ထံမှ သိရှိရသည်။

ထိုကဲ့သို့ အကျဉ်းထောင်တွင်း လူ့အခွင့်အရေး၊အကျဉ်းသားအခွင့်အရေးကို ရည်ရွယ်ချက်ရှိရှိ ချိုးဖောက်နေကြသည့် အကျဉ်းဦးစီးဝန်ထမ်းများ၊အကျဉ်းဦးစီးဝန်ထမ်း၏ လက်ကိုင်တုတ်များကို ထိရောက်သည့် အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်နိုင်ရန်အတွက် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ကြေညာသည်။

ဓာတ်ပုံ – အင်းစိန်အကျဉ်းထောင်မှ အကျဉ်းဦးစီးဌာနဝန်ထမ်းတစ်ဦး။ (ပုံအဟောင်းဖြစ်ပါသည်။)

Photo- Reuters ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

အင်းစိန်အကျဉ်းထောင်မှ အကျဉ်းဦးစီးဌာနဝန်ထမ်းတစ်ဦး။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article