လောင်းလုံးမြို့နယ်တွင် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုပြုလုပ်
ရန်ကုန်၊စက်တင်ဘာ ၉
လောင်းလုံးမြို့နယ်တွင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC) က ဦးဆောင်ပြီး စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု စက်တင်ဘာလ ၉ ရက်နေ့တွင် ပြုလုပ်ခဲ့ကြကြောင်းသိရှိရသည်။
စစ်အာရှင်စနစ်နှင့်အတူ အာဏာရှင်ဆန်သမျှ အလုံးစုံချုပ်ငြိမ်းရေးအတွက် လူထုတိုက်ပွဲကို အရှ်န်မြှင့် လုပ်ဆောင်ကြရန် တိုက်တွန်းလှုံ့ဆော်သည့်အနေနှင့် “အာဏာရှင်ဆန်သမျှ ဖီဆန်ကြ၊ လူထုတိုက်ပွဲ အရှိန်မြှင့်ကြ” စာသားပါဘန်နာကိုင်ဆောင်ပြီး ချီတက်ခဲ့ကြကြောင်း သိရှိရသည်။