29 C
Yangon

၅ ရက်အတွင်း လူပေါင်း ၉၃ ဦးကို လေကြောင်းဖြင့် ဗုံးကျဲသတ်ဖြတ်ခဲ့သော မင်းအောင်လှိုင်က ဂျီနီဗာကွန်ဗင်းရှင်းနှင့်အညီ စစ်တပ်က ဆောင်ရွက်နေဟု ICRC ဥက္ကဋ္ဌ ကို ဗြောင်လိမ်ပြော

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၀

မြန်မာနိုင်ငံတစ်ဝန်းတွင် ၅ ရက်အတွင်း လူပေါင်း ၉၃ ဦးကို လေကြောင်းဖြင့် ဗုံးကျဲသတ်ဖြတ်ခဲ့သော မင်းအောင်လှိုင်က ဂျီနီဗာကွန်ဗင်းရှင်းနှင့်အညီ စစ်တပ်က ဆောင်ရွက်နေသည်ဟု ICRC ဥက္ကဋ္ဌ ကို ယမန်နေ့ တွေ့ဆုံမှုတွင် ဗြောင်လိမ် ပြောဆိုခဲ့ကြောင်း သိရှိရသည်။

ICRC ဥက္ကဋ္ဌ Ms. Mirijana Spoiljarc Egger နှင့် အကြမ်းဖက် မင်းအောင်လှိုင်တို့ နေပြည်တော်တွင် ယမန်နေ့ တွေ့ဆုံစဉ် မင်းအောင်လှိုင်က ထိုသို့ ဗြောင်လိမ်ခဲ့ခြင်းဖြစ်သည်။

အကြမ်းဖက်စစ်ခေါင်းဆောင်က စစ်တပ်အနေဖြင့် ဂျီနီဗာကွန်ဗင်းရှင်းနှင့်အညီ ဆောင်ရွက်နေကြောင်း၊ ICRC အနေဖြင့် လူသားချင်းစာနာထောက်ထားမှုအကူအညီများပေးအပ်ရာတွင် မသက်ဆိုင်သူများထံသို့ ရောက်ရောက်ရှိစေရေး စစ်တပ်နှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း မင်းအောင်လှိုင်က ပြောဆိုခဲ့သည်။

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စစ်တပ်က ဂျီနီဗာကွန်ဗင်းရှင်းနှင့်အညီ ဆောင်ရွ က်နေသည်ဟု ဗြောင်လိမ်ခဲ့သော်လည်း လက်တွေ့တွင်မူ စက်တင်ဘာလ ၅ ရက်နေ့မှ စက်တင်ဘာ ၉ ရက်နေ့အထိ ၅ ရက်အတွင်း လူပေါင်း ၉၃ ဦးကို လေကြောင်းဖြင့် ဗုံးကျဲ၍ သတ်ဖြတ်ခဲ့သည်။

စက်တင်ဘာလ ၅ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ် အချိန် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ဖယ်ခုံမြို့နယ်ရှိ ဘန် ကောက် စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ ကလေးငယ်များ၊ ဆရာမများနှင့် ပြည်သူ ၉ ဦးသေဆုံးခဲ့ရသည်။

စက်တင်ဘာလ ၆ရက်၊ နံနက် ၁ နာရီ ၃၅မိနစ်အချိန်တွင် စစ်ကောင်စီတပ်က ဂျက်လေယာဥ်ဖြင့် နမ့်ခမ်းမြို့ ညစျေး(ပါင်ပွဲ)အနီးရှိ ပြည်သူလူထုနေအိမ်များပေါ်နှင့် ကျားဖြူခမ်းမအနီးသို့ ပေါင် ၅၀၀ ဗုံးများကျဲချခဲ့ရာ ကလေးများအပါအဝင် ပြည်သူ ၁၁ ဦး သေဆုံးခဲ့ရသည်။

စက်တင်ဘာလ ၆ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၅၅ မိနစ်ခန့်အချိန် မြိုင်မြို့နယ်၊ လက်ယက်မကျေးရွာ တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာတိုက်လေယာဉ်ဖြင့် ဗုံး ၃ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ဗုံးကျဲမှုကြောင့် အသက် ၈ နှစ်အရွယ် ကလေး ၁ ဦး၊ အမျိုး သမီး ၃ ဦးနှင့် အမျိုးသား ၂ ဦး စုစုပေါင်း ၆ ဦး သေဆုံးခဲ့ရသည်။

စက်တင်ဘာလ ၈ ရက်နေ့ ညနေ ၆ နာရီ ၅၀ မိနစ်နှင့် ညနေ ၆ နာရီ ၅၅ မိနစ်အချိန်တို့တွင် အကြမ်း ဖက် စစ်ကောင်စီက ရက္ခိုင်ပြည်၊ ပေါက်တောမြို့ နယ်၊ ရှင်ရွာ ကျေးရွာရှိ စစ်သုံပန်းများနှင့် အ ကျဉ်း သားများကို ဆေးကုသပေးနေသော နေရာတစ်နေရာကို ဂျက်တိုက်လေယာဉ်ဖြင့် ၂ ကြိမ် လာရောက်ဗုံးကျဲတိုက်ခိုက်ခဲ့မှုကြောင့် စုစုပေါင်း ၁၇ ဦး သေဆုံးခဲ့ပြီး အလတ်စား၊ အပြင်းစား၊ စိုး ရိမ်ရ ဒဏ်ရာရရှိသူ စုစုပေါင်း ၁၀ ဦးအထိရှိခဲ့ကြောင်း သိရှိရသည်။

စက်တင်ဘာလ ၉ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်ခန့်အချိန် ရခိုင်ပြည်၊ မောင်တောမြို့ လေးမိုင် (နခခ-၂) စခန်းကို ဗုံးကျဲချခဲ့ရာ လူပေါင်း၅၀ ကျော်သေဆုံးခဲ့ရပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။၅ ရက်အတွင်း လူပေါင်း ၉၃ ဦးကို လေကြောင်းဖြင့် ဗုံးကျဲသတ်ဖြတ်ခဲ့သော မင်းအောင်လှိုင်က ဂျီနီဗာကွန်ဗင်းရှင်းနှင့်အညီ စစ်တပ်က ဆောင်ရွက်နေဟု ICRC ဥက္ကဋ္ဌ ကို ဗြောင်လိမ်ပြော

ရန်ကုန်၊ စက်တင်ဘာ ၁၀

မြန်မာနိုင်ငံတစ်ဝန်းတွင် ၅ ရက်အတွင်း လူပေါင်း ၉၃ ဦးကို လေကြောင်းဖြင့် ဗုံးကျဲသတ်ဖြတ်ခဲ့သော မင်းအောင်လှိုင်က ဂျီနီဗာကွန်ဗင်းရှင်းနှင့်အညီ စစ်တပ်က ဆောင်ရွက်နေသည်ဟု ICRC ဥက္ကဋ္ဌ ကို ယမန်နေ့ တွေ့ဆုံမှုတွင် ဗြောင်လိမ် ပြောဆိုခဲ့ကြောင်း သိရှိရသည်။

ICRC ဥက္ကဋ္ဌ Ms. Mirijana Spoiljarc Egger နှင့် အကြမ်းဖက် မင်းအောင်လှိုင်တို့ နေပြည်တော်တွင် ယမန်နေ့ တွေ့ဆုံစဉ် မင်းအောင်လှိုင်က ထိုသို့ ဗြောင်လိမ်ခဲ့ခြင်းဖြစ်သည်။

အကြမ်းဖက်စစ်ခေါင်းဆောင်က စစ်တပ်အနေဖြင့် ဂျီနီဗာကွန်ဗင်းရှင်းနှင့်အညီ ဆောင်ရွက်နေကြောင်း၊ ICRC အနေဖြင့် လူသားချင်းစာနာထောက်ထားမှုအကူအညီများပေးအပ်ရာတွင် မသက်ဆိုင်သူများထံသို့ ရောက်ရောက်ရှိစေရေး စစ်တပ်နှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း မင်းအောင်လှိုင်က ပြောဆိုခဲ့သည်။

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စစ်တပ်က ဂျီနီဗာကွန်ဗင်းရှင်းနှင့်အညီ ဆောင်ရွ က်နေသည်ဟု ဗြောင်လိမ်ခဲ့သော်လည်း လက်တွေ့တွင်မူ စက်တင်ဘာလ ၅ ရက်နေ့မှ စက်တင်ဘာ ၉ ရက်နေ့အထိ ၅ ရက်အတွင်း လူပေါင်း ၉၃ ဦးကို လေကြောင်းဖြင့် ဗုံးကျဲ၍ သတ်ဖြတ်ခဲ့သည်။

စက်တင်ဘာလ ၅ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ် အချိန် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ဖယ်ခုံမြို့နယ်ရှိ ဘန် ကောက် စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ ကလေးငယ်များ၊ ဆရာမများနှင့် ပြည်သူ ၉ ဦးသေဆုံးခဲ့ရသည်။

စက်တင်ဘာလ ၆ရက်၊ နံနက် ၁ နာရီ ၃၅မိနစ်အချိန်တွင် စစ်ကောင်စီတပ်က ဂျက်လေယာဥ်ဖြင့် နမ့်ခမ်းမြို့ ညစျေး(ပါင်ပွဲ)အနီးရှိ ပြည်သူလူထုနေအိမ်များပေါ်နှင့် ကျားဖြူခမ်းမအနီးသို့ ပေါင် ၅၀၀ ဗုံးများကျဲချခဲ့ရာ ကလေးများအပါအဝင် ပြည်သူ ၁၁ ဦး သေဆုံးခဲ့ရသည်။

စက်တင်ဘာလ ၆ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၅၅ မိနစ်ခန့်အချိန် မြိုင်မြို့နယ်၊ လက်ယက်မကျေးရွာ တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာတိုက်လေယာဉ်ဖြင့် ဗုံး ၃ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ဗုံးကျဲမှုကြောင့် အသက် ၈ နှစ်အရွယ် ကလေး ၁ ဦး၊ အမျိုး သမီး ၃ ဦးနှင့် အမျိုးသား ၂ ဦး စုစုပေါင်း ၆ ဦး သေဆုံးခဲ့ရသည်။

စက်တင်ဘာလ ၈ ရက်နေ့ ညနေ ၆ နာရီ ၅၀ မိနစ်နှင့် ညနေ ၆ နာရီ ၅၅ မိနစ်အချိန်တို့တွင် အကြမ်း ဖက် စစ်ကောင်စီက ရက္ခိုင်ပြည်၊ ပေါက်တောမြို့ နယ်၊ ရှင်ရွာ ကျေးရွာရှိ စစ်သုံပန်းများနှင့် အ ကျဉ်း သားများကို ဆေးကုသပေးနေသော နေရာတစ်နေရာကို ဂျက်တိုက်လေယာဉ်ဖြင့် ၂ ကြိမ် လာရောက်ဗုံးကျဲတိုက်ခိုက်ခဲ့မှုကြောင့် စုစုပေါင်း ၁၇ ဦး သေဆုံးခဲ့ပြီး အလတ်စား၊ အပြင်းစား၊ စိုး ရိမ်ရ ဒဏ်ရာရရှိသူ စုစုပေါင်း ၁၀ ဦးအထိရှိခဲ့ကြောင်း သိရှိရသည်။

စက်တင်ဘာလ ၉ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်ခန့်အချိန် ရခိုင်ပြည်၊ မောင်တောမြို့ လေးမိုင် (နခခ-၂) စခန်းကို ဗုံးကျဲချခဲ့ရာ လူပေါင်း၅၀ ကျော်သေဆုံးခဲ့ရပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article