28 C
Yangon

နေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် ဆည်ရေလွှတ်ခြင်းတို့ကြောင့် ရုတ်တရက်ရေကြီးပြီး ပြည်သူများ ပိတ်မိနေကာ ကယ်ဆယ်ရေး အရေးပေါ် လိုအပ်နေ

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၁

နေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် ဆည်ရေလွှတ်ခြင်းတို့ကြောင့် ရုတ်တရက် ရေကြီးပြီး ပြည်သူများ ပိတ်မိနေကာ ကယ်ဆယ်ရေး အရေးပေါ် လိုအပ်နေကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

ယနေ့ နံနက်ပိုင်းတွင် မုံချောင်းဆည်မှ ရေလွှတ်ချခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ တောင်ကျ ချောင်းရေများကြောင့် ရုတ်တရက် ရေများ မြင့်တက်လာပြီး ရေကြီးမှုများဖြစ်ပေါ်နေကြောင်း၊ ရေစီးသန်သဖြင့် လက်ပံကုန်းကျေးရွာမှ နွားများ မျောပါကုန်ကြောင်း၊ လက်ရှိတွင် ရွာပေါင်း ၇ ရွာထက်မနည်း အကူအညီများ လိုအပ်နေကြောင်း ဒေသပြည်သူများက ဆိုကြသည်။

“နေပြည်တော်၊ ဥတ္တရသီရီခရိုင်၊ တပ်ကုန်းမြို့နယ် မကျီးကုန်ကျေးရွာ အုပ်စုထဲက မုံချောင်းနဲ့ န၀င်းချောင်းဆုံရာ လက်ပံကုန်းရွာ၊ ရှောက်ကုန်း အုပ်စု ထဲက ရှောက်ကုန်းရွာ၊ အောင်မြေရွာတွေမှာ ရေအရမ်းကြီးနေလို့ ကူညီကယ်ဆယ်ရေးတွေ လိုအပ်နေပါတယ်။ တပ်ကုန်းမြို့နယ် ရွာတော်တော်များများပဲ အကူအညီလိုအပ်နေပါတယ်။ လက်ရှိမှာ ပြည်သူတွေ ပိတ်မိနေတာက ရှောက်ကုန်းရွာ၊ လက်ပံကုန်းရွာ၊ အောင်မြေရွာ၊ ရွာသစ်ရွာ၊ နောင်သင်္ခါရွာ၊ ရွေးစုရွာတွေမှာပါ။ မုံချောင်းဆည်ကို ကြိုတင်အသိမပေးဘဲ ရေလွှတ်ချတာ။ လက်ပံကုန်းရွာက နွားတွေလည်း ပါကုန်တယ်။ ကယ်ဆယ်ရေးလုပ်ရမှာက ဆည်ရေလွှတ်တာနဲ့ ရေတန်းတက်တဲ့ လက်ပံကုန်းရွာ၊ အောင်မြေရွာနဲ့ ရှောက်ကုန်းရွာမှာပါ” ဟု လက်ပံကုန်းကျေးရွာမှ ရပ်/ကျေး ပရဟိတခေါင်းဆောင်တစ်ဦးက ပြောဆိုသည်။

လက်ရှိတွင် အိမ်များ မျောပါခြင်း၊ ပိတ်မိပြည်သူများ အိမ်ခေါင်မိုးပေါ် တက်၍ နေရမှုများ ဖြစ်နေကြောင်း၊ အဓိက ရေစီးသန်လွန်းသဖြင့် ရေလွတ်ရာသို့ ရွှေ့ပြောင်းရန် ခက်ခဲနေခြင်းဖြစ်ကြောင်း သိရှိရသည်။

“အဓိက က လူတွေ အိမ်ထဲမှာ ပိတ်မိနေတာ ကယ်ဆယ်ရေးမရှိလို့ ပါ။ တပ်ကုန်းပတ်ပတ်လည်ဘက်က တောင်တွေပေါတော့ တောင်ကျရေတွေက တအားစီးပြီး သန်နေတာ။ ရှောက်ကုန်းရွာ လက်ပံန်ကုန်းရွာ အောင်မြေရွာကို လာကယ်ပေးကြပါ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article