29 C
Yangon

မြ၀တီ၊ ကျိုင်းတုံ၊ ဟိုပုံး၊ တာချီလိတ်၊ ကျောက်ဆည်တို့တွင် တောင်ကျချောင်းရေနှင့် မြစ်ရေ၊ ချောင်းရေ များမြင့်တက်လာမှုကြောင့် ရေကြီးမှုများ ဖြစ်ပွားနေ

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၁

မြ၀တီမြို့နယ်၊ ကျိုင်းတုံမြို့နယ်၊ ဟိုပုံး၊ တာချီလိတ်နှင့် ကျောက်ဆည်မြို့တို့တွင် တောင်ကျချောင်းရေနှင့် မြစ်ရေ၊ ချောင်းရေများ မြင့်တက်လာခြင်းတို့ကြောင့် ရေကြီးမှုများဖြစ်ပွားနေကြောင်း ဒေသပြည်သူများနှင့် ပရဟိတအဖွဲ့များထံမှ စုံစမ်းသိရှိရသည်။

ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ် မြ၀တီမြို့နယ်တွင် ယမန်နေ့မှစတင်ပြီး သောင်ရင်းမြစ်ရေ မြင့်တက်လာရာမှ မြ၀တီမြို့နယ်တွင် ရေကြီးမှုများဖြစ်ပေါ်နေကြောင်း၊ အဆိုပါရေကြီးမှုသည် ဒုတိယအကြိမ်မြောက်ရေကြီးမှုဖြစ်ပြီး အနိမ့်ပိုင်းရပ်ကွက်များအားလုံး ရေတက်နေကြောင်း၊ မကြာသေးမီက ရေကြီးထားသဖြင့် ပြည်သူများမှာ ပြောင်းရွှေ့ရေးနှင့် ရေကြီးမှု အခြေအနေကို အတွေ့အကြုံရှိထားသဖြင့် ကယ်ဆယ်ရေးများ အချိန်မီ ပြောင်းရွှေ့နိုင်ကြောင်း မြ၀တီအခြေစိုက် ရေဘေးကူညီရေ ကယ်ဆယ်ရေးသမားတစ်ဦးက ပြောသည်။

“ရေက တက်တယ်ဆိုပေမယ့် လူတွေက အတွေ့အကြုံရှိထားတော့ Alert ဖြစ်တယ်။ သိပ်မကြာသေးခင်က ရေကြီးထားတာဆိုတော့ အနိမ့်ပိုင်းက ပြည်သူတွေလည်း ကိုယ့်ဟာကိုယ် ကြိုရှောင်ကြတယ်။ ရေကြီးတာတော့ နှစ်ကြိမ်ဆိုတော့ ကယ်ဆယ်ရေးသမားတွေလည်း လုပ်စရာရှိတာကို ဆက်တိုက် လုပ်သွားကြတယ်” ဟု မြ၀တီမြို့မှ ပရဟိတက သမားတစ်ဦးက ဆိုသည်။

လက်ရှိတွင် မြ၀တီမြို့နယ်ရှိ သောင်ရင်းမြစ်ရေသည် ယင်းမြို့၏ စိုးရိမ်ရေမှတ် အထက်သို့ နှစ်ပေကျော် ရောက်ရှိနေကြောင်း သိရှိရသည်။

အလားတူ ရှမ်းပြည်နယ်၊ တာချီလိတ်၊ ကျိုင်းတုံ၊ ဟိုပုံးတို့တွင်လည်း ရေကြီးမှုများ ဖြစ်ပေါ်နေကြောင်း၊ ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့တွင် ရေကြီးမှုကြောင့် တံတားဖြတ်သန်းခွင့်များ ပိတ်ပင်ထားကြောင်း သိရှိရသည်။

“မယ်ဆိုင်ချောင်းက ရေကြီးတာက တံတားပါမြုပ်နေပြီ။ ဖြတ်သန်းခွင့်တော့ ပိတ်ထားပြီ။ ထိုင်းဘက်ရော မြန်မာဘက်ပါ ရေကြီးနေတာ။ လျှပ်စစ်မီးနဲ့ ဖုန်းလိုင်းတွေလည်း မရဘူး။ ရာဂိမုန်တိုင်းကြောင့် မိုးတွေတအားရွာပြီး ချောင်းရေတက်လာလို့ အဓိက ရေကြီးတာပါ” ဟု တာချီလိတ်မှ ဒေသပြည်သူတစ်ဦးက ဆိုသည်။

အလား မန္တလေးတိုင်း ကျောက်ဆည်မြို့နယ်တွင်လည်း ဇော်ဂျီမြစ်ရေကြီးမှုကြောင့် အနိမ့်ပိုင်း ရပ်ကွက် ၅ ခုအတွင်းသို့ ရေဝင်ရောက်နေပြီဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article