26 C
Yangon

တောင်ပိုင်းတိုင်းစစ်ဒေသ၏ ဩဂုတ်လ တိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ ၂၂၅ ဦးသေဆုံးခဲ့ပြီး စစ်တပ်၏ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ပြည်သူ ၂၅ ဦး သေဆုံး

Must read

တောင်ပိုင်းတိုင်းစစ်ဒေသ၏ ဩဂုတ်လ တိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ ၂၂၅ ဦးသေဆုံးခဲ့ပြီး စစ်တပ်၏ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ပြည်သူ ၂၅ ဦး သေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၁၄

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းတိုင်းစစ်ဒေသနယ်မြေတွင် ဩဂုတ်လ တိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ ၂၂၅ ဦးသေဆုံးခဲ့ပြီး စစ်တပ်၏ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ပြည်သူ ၂၅ ဦး သေဆုံးခဲ့ကြောင်း တောင်ပိုင်းတိုင်းစစ်ဒေသက သတင်းထုတ်ပြန်သည်။

သြဂုတ်လအတွင်း ထားဝယ်မြို့တွင် စစ်ကောင်စီတပ်ဘက်မှ နယ်စပ်ရေးရာဝန်ကြီး ကားတန်းကို တိုက်ခိုက်မှု၊ တောင်ငူ လေ တပ်စခန်း ဌာနချုပ်အား “Rain of Fire” စစ်ဆင်ရေး အမည်ဖြင့် တိုက်ခိုက်ခဲ့မှု အပါအဝင် အာဏာ သိမ်း စစ်ကောင်စီနှင့် ထိတွေ့တိုက်ပွဲပေါင်း ၇၇ ကြိမ်၊ အကြမ်းဖက်စစ်ကောင်စီတပ်များ အထိုင်ချ တပ်စွဲထားသည့် စခန်းများ၊ စစ်ကြောင်းများကို ဒရုန်းဖြင့်တိုက်ခိုက်မှု ၇၆ ကြိမ်နှင့် အထက်၊ လက် နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှု ၇ ကြိမ်နှင့် အထက်၊ မိုင်းဆွဲတိုက်ခိုက်မှု ၁၃ ကြိမ် နှင့်အထက်၊ စစ်ကောင်စီအတွက် အလုပ်လုပ်ပေးသူ ဒေါက်တိုင်များကို ရှင်းလင်းတိုက်ခိုက်မှု ၅ ကြိမ်အပါအဝင် စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်မှုများစွာကို ဖော်ဆောင်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား စုစုပေါင်း ၂၂၅ ဦး သေဆုံးကာ ၁၇၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်သား ၈ ဦး တိုင်းပြည်အတွက် မြင့်မြတ်စွာအသက်ပေးလှူသွားခဲ့ကာ ၃၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်တွင် စစ်ကောင်စီတပ်၏ ဒရုန်း ၁ စီး၊ ဗုံးသီး ၃ လုံးကို သိမ်းဆည်းရရှိခဲ့ကြောင်း၊ အခြားစစ်ဆင်ရေးများ တွင်လည်း လက်နက်ခဲယမ်းများနှင့် စစ်ကောင်စီတပ်ခိုးယူလာသော ငွေသား၊ ဖုန်းများကိုလည်း တော်လှန် ရေး ပူးပေါင်းတပ်ဖွဲ့များက သိမ်းဆည်းရရှိခဲ့ကြောင်း၊ ထို့ပြင် ပဲခူးတိုင်း၊ မင်းလှမြို့နယ် ၊ ဆား ချောင်းကျေးရွာ အနီးတွင် စစ်ကောင်စီ၏ တိုက်ခိုက်ရေးဒရုန်းတစီးကို ပူးပေါင်း တပ်ဖွဲ့များက ပစ်ချနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲများကို တောင်ပိုင်းစစ်ဒေသ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်း တပ် ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)များ ၊ LDF များ၊ မွန်ပြည်သစ် (AD)ပူးပေါင်းတပ်ဖွဲ့များ၊ KNU (KNLA/KNDO) နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များ၊ ဒရုန်းပူးပေါင်းတပ်ဖွဲ့များက ဟန်ချက်ညီညီ ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီအတွက် အလုပ်လုပ်ပေးသူ၊ အကြမ်းဖက်စစ်သား မိသားစုဝင်များ၊ လက်နက်ချအညံ့ခံ သူများ၊ သုံ့ပန်းအနေဖြင့် အရှင်လက်ရဖမ်းဆီးရမိခဲ့သူများကို စစ်သုံ့ပန်းဥပဒေနှင့်အညီ ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားလျက်ရှိပြီး စစ်ကောင်စီ၏ မတရားအမိန့်များကို ဖီဆန်လျက် ပြည်သူ့ ရင်ခွင် ခိုလှုံလာသော CDM သူရဲကောင်းများကိုလည်း ထိုက်ထိုက်တန်တန်ဆုချီးမြင့်ခြင်းများ ပြု လုပ်ပေးခဲ့ကြောင်း သိရသည်။

ရှုံးမဲမဲနေသော အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းမှ တိုက်ခိုက်ခြင်း ရွာလုံးကျွတ်မီးရှို့ခြင်း၊ လက်နက်ကြီးဖြင့်ကျေးရွာများအတွင်း ပစ်ခတ်ခြင်းများကို နေ့စဉ်နှင့်အမျှ လုပ်ဆောင်လျက်ရှိပြီး ထို့သို့ လုပ်ဆောင်မှုကြောင့် လူမမည်ကလေးငယ်များ၊ သက်ကြီး ရွယ်အိုများနှင့် အပြစ်မဲ့ပြည်သူ ၂၅ ဦး သေဆုံးခဲ့ရကြောင်း၊ ပြည်သူ ၄၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် အတင်းအကျပ်စစ်မှုထမ်းခိုင်းရန် နှင့် မတရားဖမ်းဆီးခေါ်ဆောင်ခံရသူ သြဂုတ်လအတွင်း ၅၉၈ ဦးထိ ရှိကြောင်း တောင်ပိုင်း စစ် ဒေသက ထုတ်ပြန်ထားသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ စစ်တောင်း မြစ်ဝှမ်း စိုးမိုးရေးနှင့်ပဲခူးရိုးမ ထိုးဖောက်ရေး စစ်ရေးစီမံချက်များကို အထိရောက်ဆုံးဖော်ဆောင်နိုင် ရန် စစ်ရေးလှုပ်ရှားမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article