31 C
Yangon

Khit Thit သတင်းဌာန၏ စက်တင်ဘာ ၁၄ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ စက်တင်ဘာ ၁၄ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • မြန်မာတစ်နိုင်ငံလုံးနီးပါး ရေကြီးမှုတွေ ကြုံတွေ့နေရတဲ့အချိန် အကြမ်းဖက်စစ်ကောင်စီက နောင်ချို၊ လားရှိုး နဲ့ မြ၀တီမြို့နယ်တွေကို လေယာဉ်နဲ့ ဗုံးကျဲတာတွေ တောက်လျှောက်လုပ်နေတယ်လို့ ဒေဿခံ သတင်းရင်းမြစ်ရဲ့ ပြောဆိုချက်နဲ့ TNLA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
  • ပဲခူးတိုင်းက တောင်ငူမြို့မှာ စစ်တောင်းမြစ်ရေက စိုးရိမ်ရေမှတ်ထက် ၇ ပေ ကျော်နေပြီး နောက် တစ်ရက်အတွင်း ၃ ပေ ရေထပ်တက်မယ်လို့လည်း မိုး/ဇလ က သတိပေးထားပြီး ၊ တောင်ငူမြို့ကိုလည်း ရေတွေ ဝင်ရောက်နေသလို ၊ ဘားအံဘက်မှာလည်း စိုးရိမ်ရေအမှတ် ၈ ပေခွဲအထိ ရေမြင့်တက်နိုင် တယ်လို့ မိုးဇလက စက်တင်ဘာလ ၁၃ ရက်နေ့ဖြစ်တဲ့ မနေ့ကညပိုင်းမှာပဲ သတိပေးချက်ထုတ် ပြန်ထားပါတယ်။
  • ရခိုင်ပြည်နယ်မှာ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လုယက်ထားတဲ့ ပစ္စည်းတွေအပါအဝင် ပြည်သူပိုင် စည်းစိမ်၊ ဥစ္စာ၊ ရွှေ၊ ငွေ၊ လက်ဝတ်ရတနာ နဲ့ အသုံး အဆောင်ပစ္စည်းတွေကို အာရက္ခ တပ်တော် AA က မူလပိုင်ရှင်တွေဆီ ပြန်လည်ပေးအပ်နေပြီး ၊ အလွဲသုံးစားလုပ်တဲ့ သူတွေကိုလည်း အပြစ်ပေးအရေးယူထားတယ်လို့ အာရက္ခတပ်တော် AA က တရားဝင် သတင်း ထုတ်ပြန်ထားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article