24.8 C
Yangon

ပုလောမြို့နယ်၊ သစ်လှတောရွာနှင့် ဖော့ဆိုတဲ့ကျေးရွာကို စစ်ကောင်စီတပ်များက မီးရှို့ပြီး ပြည်သူများကို ဖမ်းဆီး

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၇

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တွင် စစ်ကောင်စီတပ်များနှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ်က သစ်လှတောကျေးရွာနှင့် ဖော့ဆိုတဲ့ကျေးရွာတို့ကို မီးတင်ရှို့ကာ ပြည်သူများကို ဖမ်းဆီးသွားကြောင်ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၁၅ ရက်နေ့ ပုလောမြို့နယ်အတွင်းတွင် စစ်ကောင်စီတပ်များနှင့် တော်လှန်ရေးတပ်များအကြားတိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း၊ စစ်တပ်က စစ်ကြောင်းထိုးရာမှ တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကြောင်း၊ တိုက်ပွဲဖြစ်ပွားပြီးနောက် စက်တင်ဘာလ ၁၅ ရက်နေ့တွင် စစ်တပ်က အနီးအနားရှိ သစ်လှတောကျေးရွာအတွင်းသို့ ဝင်ရောက်ပြီး နေအိမ်များကို မီးတင်ရှို့ခဲ့ကြောင်း သိရှိရသည်။

“တနင်္သာရီတိုင်း ပုလောမြို့နယ် သစ်လှတောကျေးရွာမှာ စစ်ခွေး အိမ်တွေ မီးရှို့တယ်။ တိုက်ပွဲဖြစ်တဲ့ အနီးအနားရွာကို ဝင်ရမ်းတဲ့သဘော။

ပြည်သူတချို့ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားတယ်။ ၁၅ ရက်နေ့က သစ်လှတောကျေးရွာကို မီးဝင်ရှို့သွားတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

စက်တင်ဘာလ ၁၆ ရက်နေ့ တွင်မူ စစ်တပ်က သစ်လှတောကျေးရွာမှ စစ်ကြောင်း ပြန်လည်ထွက်ခွာခဲ့ရာတွင်လည်း အနီးအနားရှိ ဖော့ဆိုတဲ့ ကျေးရွာကို မီးဝင်ရှို့ခဲ့ကြောင်း၊ မီးရှို့မှုကြောင့် ပြည်သူ့ နေအိမ် အများအပြား ပြာကျပျက်စီးသွားကြောင်း သိရှိရသည်။

“သစ်လှတောရွာအနားက ဖော့ဆိုတဲ့ ကရင်အများစုနေတဲ့ရွာမှာ တိုက်ပွဲထပ်ဖြစ်တယ်။ အဲဒီရွာက အိမ်တွေမီထပ်ရှို့သွားတယ်။ အနီးနားရွာသူရွာသားတွေလည်း အကုန်ပြေးနေရတယ်” ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။

စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးခြင်းနှင့် ကျေးရွာများကို မီးရှို့ခြင်း၊ ပြည်သူများကို ဖမ်းဆီးနေခြင်းတို့ကြောင့် ပုလောမြို့နယ်အတွင်း ကျေးရွာ ၄ ရွာထက်မနည်းမှ ပြည်သူများ ရာချီ၍ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article