24.8 C
Yangon

မုံရွာ-အရာတော် လမ်းပိုင်းတွင် စစ်ကြောင်းထိုး တပ်စွဲထားသော စစ်သားများနှင့် ယာဉ်တန်းကို ၃ ကြိမ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြား

Must read

မုံရွာ-အရာတော် လမ်းပိုင်းတွင် စစ်ကြောင်းထိုး တပ်စွဲထားသော စစ်သားများနှင့် ယာဉ်တန်းကို ၃ ကြိမ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြား

ရန်ကုန်၊ စက်တင်ဘာ ၁၇

စစ်ကိုင်းတိုင်း၊ မုံရွာ-အရာတော် လမ်းပိုင်းကို စစ်ကြောင်းထိုး တပ်စွဲထားသော အကြမ်းဖက် စစ်သားများနှင့် ယာဉ်တန်းကို ၃ ကြိမ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားကြောင်း မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

စက်တင်ဘာလ ၄ ရက်နေ့မှ ၉ ရက်နေ့ထိ မုံရွာ-အရာတော် လမ်းပိုင်းအတွင်း စစ်ကြောင်းထိုး အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် ယာဉ်တန်းကို ရာသီဥတု အခက်အခဲများ ကြားမှ တော်လှန်ရေး တပ်ဖွဲ့များက ရက်ရှည်ကင်းပုန်းဝပ်၍ ပြောက်ကြား တိုက်ခိုက်မှု ၃ ကြိမ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်ကျဆုံးမှုများ ပြားသော်လည်း အရေအတွက်အတိအကျကို စုံစမ်းနေဆဲဖြစ်ကြောင်း၊ တော်လှန်ရေး အင်အားစုများဘက်မှ ရဲဘော် ၁ ဦး ထိခိုက်ဒါဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ပြီး အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာမြို့နယ် ပကဖ၊ မုံရွာမြို့နယ်ပလဖ၊ မုံရွာခရိုင် အမှတ် (၁) တပ်ရင်း တို့မှ ဦးဆောင်ပြီး တိုက်နယ် ပကဖ၊ရပ်ကေျးပကဖနှင့်အခြား Local မဟာမိတ် တော်လှန်ရေး အင်အားစုများက ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article