24.8 C
Yangon

ချင်းတွင်းမြစ်အတွင်း စုန်ဆင်းလာ​သော စစ်သင်္ဘော ၉ စင်းက မြစ်ကမ်းဘေးကျေးရွာများကို ရမ်းသမ်းပစ်ခတ်နေ၍ ကနီမြို့နယ်အတွင်းမှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၈

ချင်းတွင်းမြစ်အတွင်း စုန်ဆင်းလာ​သော စစ်သင်္ဘော ၉ စင်းက မြစ်ကမ်းဘေးကျေးရွာများကို ရမ်းသမ်းပစ်ခတ်နေ၍ ကနီမြို့နယ်အတွင်းမှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ စက်တင်ဘာလ ၁၈ ရက်နေ့ နံနက် ၆ နာရီအချိန် စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်၊တောင်ဖြူရွာနှင့် ပန်းဆက်ရွာ ဆိပ်ကမ်းတွင် ရပ်နားထားရာမှ ထွက်ခွာလာသော စစ်ကောင်စီ၏ စစ်သင်္ဘော ၉ စင်းက မြစ်ကမ်းဘေးကျေးရွာများကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်လျက်ရှိကြောင်း၊ မကြာမီ အဆိုပါ စစ်သင်္ဘော ၉ စီးသည် မင်းကင်းမြို့နယ်မှ ကနီမြို့နယ်အတွင်း ဝင်ရောက်လာမည်ဖြစ်၍ မြစ်ကမ်းဘေး ကျေးရွာများမှ ပြည်သူများမှာ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။

“အခု စစ်သင်္ဘော ၉ စီးက မင်းကင်းမြို့နယ် သင်တောရွာ အောက်ဖက်ကို ရောက်ရှိနေတယ်။ ကနီမြို့နယ်အတွင်းကို ဝင်ရောက်လာတော့မယ်။ အဲဒါကြောင့် မြစ်ကမ်းဘေး ကျေးရွာတွေ အကုန်ရှောင်နေရပြီ ။ကြိုရှောင်မှ တော်ကာကြမယ်။အခုလည်း မြစ်ကမ်း ဘေးရွာ တွေကို ပစ်ခတ်ပြီး စုန်ဆင်းနေတယ်။ပြည်သူထိခိုက်တာတော့ လက်ရှိအချိန်အထိမကြားရသေးဘူး” ဟု ကနီမြို့နယ်၊မိချောင်းတွင်းရွာမှ ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စစ်သင်္ဘော ၉ စီးက ပစ်ခတ်မည်ကို စိုးရိမ်၍ ထွက်ပြေးနေရသည့် ကနီမြို့နယ်အတွင်းမှ ကျေးရွာများမှာ မိချောင်းတွင်း၊ ကင်း၊ ယင်း၊ကုန်းသာ၊ဘုမ္မဇင်းစသည့်ကျေးရွာများဖြစ်ကြောင်း၊ စစ်သင်္ဘော ၉ စီးသည် ချင်းတွင်းမြစ်အထက်ပိုင်း ဟုမ္မလင်းမြို့မှ စုန်ဆင်းလာခြင်းဖြစ် ကြောင်း၊ မုံရွာဆိပ်ကမ်းအထိ သွားရောက်မည့် စစ်သင်္ဘောများဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article