27 C
Yangon

KNU တပ်မဟာ ၅ နယ်မြေတွင် ၁၅ ရက်တာအတွင်း တိုက်ပွဲပေါင်း ၆၄ ကြိမ်ဖြစ်ပွားပြီး စစ်သား ၁၈ ဦး သေဆုံးကာ ၁၂ ဦး ထိခိုက်ဒဏ်ရာရ

Must read

KNU တပ်မဟာ ၅ နယ်မြေတွင် ၁၅ ရက်တာအတွင်း တိုက်ပွဲပေါင်း ၆၄ ကြိမ်ဖြစ်ပွားပြီး စစ်သား ၁၈ ဦး သေဆုံးကာ ၁၂ ဦး ထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ စက်တင်ဘာ ၁၈

ကရင်အမျိုးသားအစည်းအရုံး – KNU တပ်မဟာ ၅ နယ်မြေတွင် ၁၅ ရက်တာအတွင်း တိုက်ပွဲပေါင်း ၆၄ ကြိမ်ဖြစ်ပွားပြီး စစ်သား ၁၈ ဦး သေဆုံးကာ ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU-မူတြော်ခရိုင်က ပြောဆိုသည်။

စက်တင်ဘာလ ၁ ရက်နေ့မှ စက်တင်ဘာလ ၁၅ ရက်နေအထိ တ်ုက်ပွဲပေါင်း ၆၄ ကြိမ်ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး တိုက်ပွဲများ အတွင်း အကြမ်းဖက်စစ်တပ်၏ ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး သေဆုံးကာ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်း၊ ထောက်ပို့လေယာဥ်ဖြင့် လက်နက်ခဲယမ်းများ၊ စားနပ်ရိက္ခာများကို အကြမ်းဖက်စစ်သားများအတွက် လာရောက်ပို့ဆောင်ခဲ့ပြီး ထိုသို့ လာပို့စဉ် လက်နက်ကြီး အလုံး ၉၀ တိတိ ရမ်းသန်းပစ်ခတ်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုများအတွင်း အမှတ် ၅ တပ်မဟာမှ ရဲဘော်များနှင့် မဟာမိတ်များ ထိခိုက်ကျဆုံးမှု မရှိခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article