27 C
Yangon

နတ်မောက်မြို့နယ်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီ တပ်သားများကို ကြားဖြတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ အရာရှိ ၁ ဦးအပါအဝင် ၁၀ ဦးသေဆုံး

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၉

မကွေးတိုင်း၊ နတ်မောက်မြို့နယ်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ကြားဖြတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ အရာရှိ ၁ ဦးအပါအဝင် ၁၀ ဦးသေဆုံးခဲ့ကြောင်း Aung San’s Land Natmauk အဖွဲ့ တာဝန်ခံ ဘာမထီ က ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

စက်တင်ဘာလ ၁၆ ရက်နေ့တွင် နတ်မောက်မြို့နယ် အရှေ့ခြမ်းကို အင်အား ၁၈၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ကံသာရွာ၌ တပ်ဆွဲထားပြီး ကျေးရွာအတွင်းရှိ ကြက်၊ ဝက်၊ ပဲ၊ နှမ်း၊ ဆန် နှင့် အဝတ်အထည်များကို ခိုးယူကာ ပြည်သူများကို ဖမ်းဆီးနှိပ်စက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်း ပြန်လည် ဆုတ်ခွာလာစဉ် Aung San’s Land အဖွဲ့က ၄၀ မမ ၊ လက်နှက်ငယ်များနှင့် လိုက်လံ ပစ်ခတ်တိုက်ခိုက်ရာ ထိတွေ့ တိုက်ပွဲ ၃၅ မိနစ်ခန့်ဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထမ်းစဥ်ဖြင့် သယ်လာသော စစ်ကောင်စီ တပ်သား နှင့် အရာရှိ ၁ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး ရုပ်အလောင်းများကို မြေမြုပ်ခဲ့ကြောင်း၊ ထို့ပြင် ထိခိုက်ဒဏ်ရာရရှိသူ ၁ ဦးလည်း နတ်မောက်ဆေးရုံမှ တစ်ဆင့် မကွေးဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးခဲ့ကြောင်း သိရှိရသည်။

“ကျန်တော်တို့ သိရတာတော့ အခြား တပ်သားအဆင့် ဒဏ်ရာရရှိသူတွေကိုလည်း စစ်ခွေးတွေက တိုက်ပွဲဖြစ်ပွားရာနေရာပဲ ပစ်သတ်ပြီး မြုပ်နှံခဲ့တယ်လို့ သိရတယ်။ ကျန်တော်တို့ နယ်မြေရှင်းလင်းရေး မလုပ်ရသေးသည့်အတွက် အတိအကျမသိရသေးပါ။ လက်ရှိ အနေအထားအရ စစ်ခွေး အနည်းဆုံး ၁၀ ဦးသေဆုံးကြောင်းပဲ အတည်ပြုနိုင်ပါသေးတယ်။ မပေါက်ကွဲသေတဲ့ လက်ပစ်ဗုံးနဲ့ စစ်အသုံးအဆောင်အချိူ့တော့ သိမ်းဆည်းရရှိခဲ့ပါတယ်” ဟု Aung San’s Land Natmauk အဖွဲ့ တာဝန်ခံ ဘာမထီ က ပြောဆိုသည်။

Aung San’s Land Natmauk အဖွဲ့သည် NUG အစိုးရထံ လက်နက် တပ်ဆင် ပေးရန် တောင်းဆိုထားသော်လည်း ပေးဆောင်ခြင်းမရှိသည့် အတွက် ပြည်သူများ၏ ကူညီပံ့ပိုးမှုဖြင့်သာ ရရှိသည့်လက်နက်နှင့် အခက်အခဲများကြားမှ မလုံလောက်သည့် လက်နက်ခဲယမ်းဖြင့် တိုက်ပွဲဖော်ဆောင်နေရကြောင်း Aung San’s Land Natmauk အဖွဲ့ တာဝန်ခံ ဘာမထီ က ဆက်လက် ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article