32 C
Yangon

မုံရွာ-ချောင်းဦးလမ်းပိုင်းတွင် စစ်ကူယာဉ်တန်းနှင့် မိုင်းရှင်းစစ်ကြောင်းကို ၂ ကြိမ်မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၁၀ ဦးသေဆုံးဟုဆို

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၀

စစ်ကိုင်းတိုင်း၊ မုံရွာ-ချောင်းဦးလမ်းပိုင်းတွင် စစ်ကူသွားသော အကြမ်းဖက်စစ်ယာဉ်တန်းနှင့် မိုင်းရှင်း စစ်ကြောင်းကို ၂ ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦးသေဆုံးခဲ့ကြောင်း မုံရွာခရိုင်ပြည်သူ့ကာ ကွယ်‌‌ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း ၄ မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ စက်တင်ဘာလ ၁၉ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန် မုံရွာမှ ချောင်းဦးမြို့ဘက် သို့ စစ်ကူထွက်လာသော အကြမ်းဖက်စစ်ကားနှင့် မအူစစ်ဆေးရေးဂိတ်မှ မိုင်းရှင်းရန် ထွက်လာသော အကြမ်းဖက်စစ်သားများကို ၂ ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၀ ဦးနေရာမှာပင် ပွဲချင်းပြီးသေဆုံးပြီး ၃ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထိုသို့ မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသော အကြမ်းဖက်စစ်သားများက အော်ဟစ် နေခဲ့ပြီး စစ်ကူယာဉ်တန်းမှာ မအူစစ်ဆေးရေးဂိတ်ကို ဝင်ရောက်ခြင်းမရှိ တော့ဘဲ ချောင်းဦးမြို့ထဲသို့ အ လျှင် အမြန်မောင်းနှင်သွားကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင် မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေး တပ်မတော်တပ်ရင်း ၄ အထူးကွန်မန်ဒိုတပ်ဖွဲ့ (Monywa The Boys) ၊ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း ၄ တပ်ခွဲ (၂) 5/ Commando Force ၊ Democratic Guerrilla Force (D.G.F) ၊ ဘာမထီပြောက်ကျားတပ်ဖွဲ့ နှင့် ယင်းမာပင်ခရိုင်တပ်ရင်း ၉ idols Colum တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article