29 C
Yangon

နွားထိုးကြီးမြို့နယ်တွင် စစ်တပ်က ဝက်လူးရဲစခန်းကို တပ်စွဲ အခြေပြု၍ ကျေးရွာများမှ အဖိုးတန်ပစ္စည်းများနှင့် စားနပ်ရိက္ခာများကို လုယက်နေ

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၀

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်တွင် စစ်တပ်က ဝက်လူးနယ်မြေရဲစခန်းကို အခြေပြု၍ ကျေးရွာများမှ အဖိုးတန်ပစ္စည်းများ၊ စားနပ်ရိက္ခာများကို လုယက်ခိုးယူနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၁၈ ရက်နေ့ တံတားဦးမြို့နယ်၊ ဂွေးကုန်းကျေးရွာတွင် အခြေပြုတပ်စွဲထားသော စစ်တပ်က အင်အား ၁၀၀ ဝန်းကျင်ဖြင့် နွားထိုးကြီးမြို့နယ်၊ ဝက်လူးကျေးရွာသို့ ရောက်ရှိလာကြောင်း၊ ယင်းနောက် ဝက်လူးနယ်မြေရဲစခန်းရှိ တပ်များနှင့်ပူးပေါင်းလိုက်ကြောင်း၊ ထို့နောက် ဝက်လူးကျေးရွာနှင့် ကားလမ်းမကြီးတစ်လျှောက်ရှိ ကုန်စုံဆိုင်များ၊ ဖုန်းဆိုင်များမှ ပစ္စည်းများကို လုယက်ကြောင်း၊ ဝက်လူးကျေးရွာအတွင်းရှိ နေအိမ်များမှလည်း ပစ္စည်းများကို လုယက်ယူဆောင်ကြကြောင်း သိရှိရသည်။

“အခု ဝက်လူးနယ်မြေရဲစခန်းကို အခြေပြုပြီးတော့ အင်အားအများအပြားနဲ့ ကားလမ်းတစ်လျှောက်က ဖုန်းဆိုင်တွေ၊ ကုန်စုံဆိုင်တွေကို ဖောက်တယ်။ ဖုန်းတွေ အားသွင်းကြိုးတွေ အကုန်ယူတယ်။ ကုန်စုံဆိုင်​တွေက ဖိနပ်တွေ၊ ကုန်မာတွေနဲ့ စားနပ်ရိက္ခာတွေ သယ်တယ်။ လှည်းတွေနဲ့ သယ်ကြတာ။ လှည်းတွေကလည်း ရွာထဲက လှည်းတွေကို ယူလာကြတာ။ ပြီးတော့ ဝက်လူးရဲစခန်းထဲမှာပဲ လုယက်ထားတာတွေ ခွဲဝေယူကြတယ်။ လွန်ခဲ့တဲ့ ရက်ပိုင်းက တိုက်ပွဲဖြစ်ပြီးတော့ ဂွေးကုန်းဘက်ကနေ အင်အားတွေ ထပ်တိုးလာတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

လက်ရှိတွင် ဝက်လူးကျေးရွာနှင့် အနီးအနားကျေးရွာများမှ ပြည်သူများမှာ စစ်တပ်၏ ရန်ကို ကြောက်သဖြင့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ စစ်တပ်က လည်း ဝက်လူးရဲစခန်းကို အခြေပြု၍ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း ၊ ပြည်သူပိုင်နေအိမ်များကို ဖောက်ထွင်းလုယက်မှုများ လုပ်ဆောင်နေကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

ဓာတ်ပုံ – ရန်ကုန်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ရန်ကုန်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article