32 C
Yangon

မြန်မာနိုင်ငံဆိုင်ရာ အခြေအနေများနှင့်ပတ်သက်၍ ကုလသမဂ္ဂ သံတမန်များကို NUG လူ့အခွင့် အရေးဆိုင်ရာ ဝန်ကြီးရှင်းပြပြီး အကြမ်းဖက် စစ်အုပ်စုနှင့်ပူးပေါင်းဆောင်ရွက်မှု မလုပ်ရန် တိုက်တွန်း

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၀

မြန်မာနိုင်ငံဆိုင်ရာ အခြေအနေများနှင့်ပတ်သက်၍ ကုလသမဂ္ဂ သံတမန်များကို အမျိုးသားညီညွတ်ရေးအစိုးရ-NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးက ရှင်းပြပြီး အကြမ်းဖက် စစ်အုပ်စုနှင့်ပူးပေါင်းဆောင်ရွက်မှု မလုပ်ရန် တိုက်တွန်းလိုက်ကြောင်း NUG ကသတင်းထုတ်ပြန်သည်။

စက်တင်ဘာလ ၁၉ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် ဂျနီဗာရှိ ကုလသမဂ္ဂ အဆောက်အဦးတွင် ကျင်းပပြုလုပ်သည့် သံတမန်ရေးရာ ရှင်းလင်းပွဲသို့ အမျိုးသား ညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီး၊ ဦးအောင်မျိုးမင်း တက်ရောက်ပြီး လက်ရှိမြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေများနှင့် ဆိုင်ကလုန်းရာဂီကြောင့် မြန်မာပြည်သူလူထု ကြုံတွေနေရသည့် ရေဘေးဆိုင်ရာအခြေအနေများကို တက်ရောက်လာသော သံတမန်များအား ရှင်းလင်း ပြောကြားကြောင်း သိရှိရသည်။

လက်ရှိမြန်မာနိုင်ငံ၏အခြေအနေများနှင့် စပ်လျဉ်း၍ နိုင်ငံတကာက ပူးပေါင်းဆောင်ရွက်ရန် အထူးလိုအပ်ပါကြောင်း၊ အမျိုးသားညီညွတ်ရေး အစိုးရ အနေဖြင့် တိုင်းရင်းသား အဖွဲ့အစည်းများနှင့် လက်တွဲပြီး ရေဘေးသင့်ပြည်သူများ အား ကူညီ ကယ်ဆယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းများကို အစွမ်းကုန် ကြိုးပမ်းဆောင်ရွက် လျက်ရှိပါကြောင်း၊ နယ်စပ်ဖြတ်ကျော် အစီအစဥ်မှတဆင့် လူသားချင်း စာနာထောက်ထားမှုအကူအညီများ ပေးအပ်စေလိုကြောင်း ဝန်ကြီးက ပြောဆိုသည်။

အတိတ်ကာလများတွင် သဘာဝဘေးအန္တရာယ်ကြုံတွေ့ခဲ့တိုင်း နိုင်ငံတကာ၏ လူသားချင်း စာနာမှု အကူအညီများကို အကြမ်းဖက်စစ်အုပ်စုက အမြတ်ထုတ်အလွဲသုံးစား ပြုလုပ်လေ့ ရှိသဖြင့် ၎င်းတို့နှင့်ပူးပေါင်းဆောင်ရွက်မှုများကို ရှောင်ရှားရန် NUG ဝန်ကြီးက တိုက်တွန်းသည်။

ထို့ပြင် လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး၏ အစီရင်ခံစာကို ထောက်ခံပြီး အဆိုပါ အစီရင်ခံစာတွင်အမျိုးသားညီညွတ်ရေး အစိုးရ အနေဖြင့် ဆောင်ရွက်သင့်သည့် အကြံပြုချက်များ အတိုင်း တာဝန်ယူမှု၊ တာဝန်ခံမှုများကို လုပ်ဆောင်မည်ဖြစ်ကြောင်း ဝန်ကြီး ကတိပြု သည်။

ကုလသမဂ္ဂသံတမန်များကို ရှင်းလင်းပြောဆိုသည့် အစီအစဉ် Luxembourg သံရုံးက ကြီးမှူးကျင်းပခဲ့ခြင်းဖြစ်ပြီး ကုလသမဂ္ဂ သံတမန်များနှင့် ကုလသမဂ္ဂရုံးများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ကုလသမဂ္ဂ အေဂျင်စီများမှ ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြကာ မြန်မာနိုင်ငံနှင့် ပတ်သက်သည့် မေးခွန်းများကို အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article