27 C
Yangon

ဖားကန့်တွင် စစ်ရေးတင်းမာနေပြီး စျေးဆိုင်များ ပိတ်ထားကာ ပြည်သူများ စတင် ပြောင်းရွှေ့

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၀

ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် စစ်ကောင်စီနှင့် KIA ပူးပေါင်းတပ်များအကြား စစ်ရေးတင်းမာနေပြီး စျေးဆိုင်များ ပိတ်ထားကာ ပြည်သူများ စတင် ပြောင်း ရွှေ့ နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာ လဆန်းပိုင်းမှစတင်ပြီး ဖားကန့်မြို့နယ်တွင် စစ်ကောင်စီတပ်များနှင့် KIA ပူးပေါင်းတပ်များအကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလာခဲ့ရာမှ ယခုအခါ မြို့ပေါ်တွင်ပါ စစ်ရေးတင်းမာလာကြောင်း၊ စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်လာသဖြင့် ပြည်သူများထိခိုက်သေဆုံးမှုများ ရှိလာကြောင်း၊ ထို့ကြောင့် ဖားကန့်မြို့မှ ပြည်သူများမှာ စတင်တိမ်းရှောင်မှုများ လုပ်လာကြပြီး စျေးဆိုင်များမှာလည်း ပိတ်ထားကြောင်း သိရှိရသည်။

“ဒီကနေ့မှာပဲ KIA/KPDF တွေ မြို့ကို ဝိုင်းပတ်ထားတယ်။ ဖားကန့်မြို့ကတော့ တပ်လှန့်လိုက်တဲ့အနေအထား ရောက်သွားပါပြီ။ မြို့နေလူထုလည်း အမြန်ဆုံး မြို့ကိုခွာနေကြပါတယ်။ အတော်များများကျန်နေပါသေးတယ်။ ကျန်နေသူတွေလည်း စိုးရိမ်စိတ်တွေနဲ့ ကျန်နေကြ

ထွက်ခွာသူတွေလည်း စိုးရိမ်စိတ်တွေနဲ့ဆိုတာ မျက်နှာမှာ အထင်းသားပေါ်နေကြရှာတယ်။ စျေးဆိုင်တွေလည်း ပိတ်ထားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ ဖားကန့်တပ်မကုန်းကိုလည်း KIA KPDF ပူးပေါင်းအဖွဲ့ က လက်နက်ကြီးဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်တာတွေလုပ်နေ

ကြောင်း၊ ဖားကန့်မြို့အဝင်အထွက်များကို တော်လှန်ရေးတပ်များက ပိတ်ဆို့ထားကြောင်း သိရှိရသည်။

“Lucky Man ဟိုတယ်မှာလည်း စစ်ခွေးတွေရှိတယ်။ စစ်ခွေးတွေကတော့ အပြင် မထွက်ရဲတော့ဘူး။ အကုန်လုံးမှာ ပိတ်ပြီး ပုန်းအောင်းနေကြတယ်။ အခုက ပတ်ပတ်လည်က KIA နဲ့ PDF က ၀ိုင်းထားတယ်” ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။

ဓာတ်ပုံ – စျေးဆိုင်များ ပိတ်သိမ်းပြီး တိတ်ဆိတ်ငြိမ်သက်နေသော ဖားကန့်မြို့။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article