ရန်ကုန်၊ စက်တင်ဘာ ၂၀
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ကူတော်ရွာတွင် တိုက်ပွဲပြင်းထန်နေပြီး အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ ခုခံနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောဆိုသည်။
စက်တင်ဘာလ ၂၀ ရက်နေ့ နံနက် အစောပိုင်းမှ စတင်၍ ကူတော်ကျေးရွာရှိ အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ ရဲစခန်းကို ဒေသတော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များက ဝိုင်း၀န်းတိုက်ခိုက် နေပြီး အကြမ်းဖက် စစ်တပ်ကလည်း လေကြောင်းဖြင့် အပြင်းအထန် ခုခံ တိုက်ခိုက်နေကြောင်း သိရသည်။
“ကူတော် ရဲစခန်းကို တိုက်နေတာကြာပြီ ဒီမနက်မှ တိုက်ပွဲအကြီးအကျယ်ဖြစ်တာ စစ်တပ်က ဂျက်ဖိုက်တာတွေရော Y-12 တွေရော လာပစ်တာ ၃ ခါရှိပြီ တိုက်ပွဲ အခြေနေတော့ မသိရသေးဘူး” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။
ဒေသတော်လှန်ရေး တပ်ဖွဲ့များ တိုက်ခိုက်မှုကြောင့် ကူတော်ရွာကို ဘုတလင်မြို့ပေါ်ရှိတဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက စစ်ကြောင်း ၂ ကြောင်းဖြင့် စစ်ကူသွားရောက်နေကြောင်း၊ အဆိုပါ အကြမ်းဖက် စစ်တပ်၏ စစ်ကူစစ်ကြောင်းကြောင့် ကျေးရွာနေ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar