26 C
Yangon

သထုံမြို့၊ ဂေါ့ရွာကြီးရွာမှ စစ်တပ်အတွက် အလုပ်လုပ်ပေးနေသော ရဲထောက်လှမ်းရေး လင်မယား ပစ်ခတ်ခံရပြီး သေဆုံး

Must read

သထုံမြို့၊ ဂေါ့ရွာကြီးရွာမှ စစ်တပ်အတွက် အလုပ်လုပ်ပေးနေသော ရဲထောက်လှမ်းရေး လင်မယား ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၂၂

မွန်ပြည်နယ်၊ သထုံမြို့၊ ဂေါ့ရွာကြီးရွာမှ အကြမ်းဖက် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသော ရဲထောက်လှမ်းရေး လင်မယား ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း ပြည်သူ့ဖက်တော်သားအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

စက်တင်ဘာလ ၂၁ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ဂေါ့ရွာကြီးရွာ၌ နေထိုင်သော အကြမ်းဖက် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသည့် ရဲထောက်လှမ်းရေး ကျော်ဟိန်းနှင့် ဒေါ်သင်းသင်းမြတ်တို့ကို ပြည်သူ့ဖက်တော်သားအဖွဲ့က ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း သိရသည်။

“ပြည်သူလူထုအပေါ် ခြိမ်းခြောက်မှုတွေလည်း ရှိခဲ့ပါတယ်။ မတရားခြိမ်းခြောက်ငွေညှစ်တာတွေ၊ ရဲနဲ့ စအဖတို့ကို မမှန်သတင်းပေးပြီး ပြည်သူတွေကို ဖမ်းဆီးစေခိုင်းတာ စတဲ့ အမှုတွေ အများကြီး ကျူးလွန်ခဲ့တယ်လို့ ပြည်သူတွေဆီက သိရပါတယ်” ဟု ပြည်သူ့ဖက်တော်သားအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ပြည်သူများ၏ တိုင်ကြားချက်ကို သေချာစွာစိစစ်ပြီး ကျူးလွန်ကြောင်း သေချာသည့်အတွက် သတိပေးခဲ့ကြောင်း၊ သတိပေးချက်များကိုအကြိမ်ကြိမ် ဖောက်ဖျက်ပြီး ကျူးလွန်မြဲအတိုင်း ကျူးလွန်နေသောကြောင့် ပြည်သူများ၏ တောင်းဆိုချက်များအရ ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း၊ နောက်နောင် ဒလန်များနှင့် ပြည်သူအပေါ်စိတ်ဒုက္ခပေးသူများကိုလည်း ပြည်သူများ တောင်းဆိုလာလျှင် သတင်းမှန်မမှန် သေချာ စိစစ်စုံစမ်းပြီး ရှင်းလင်းသွားမည်ဖြစ်ကြောင်း ပြည်သူ့ဖက်တော်သားအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article