26 C
Yangon

စစ်ကောင်စီရဲတပ်သား ၁ ဦးကို ပစ်သတ်၍ လက်နက်များ ယူဆောင် အလင်းဝင်လာသူ ၂ ဦး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး လက်နက်များနှင့်အတူ အလင်းဝင်ရောက်

Must read

စစ်ကောင်စီရဲတပ်သား ၁ ဦးကို ပစ်သတ်၍ လက်နက်များ ယူဆောင် အလင်းဝင်လာသူ ၂ ဦး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး လက်နက်များနှင့်အတူ အလင်းဝင်ရောက်

ရန်ကုန်၊ စက်တင်ဘာ ၂၄

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်ကောင်စီရဲတပ်သား ၁ ဦးကို ပစ်သတ်၍ လက် နက်များ ယူဆောင် အလင်း ဝင်လာသူ ၂ ဦး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး လက်နက်များနှင့်အတူ အလင်းဝင်ရောက်လာကြောင်း မြိုင်ပကဖက သတင်းထုတ်ပြန်သည်။

စက်တင်ဘာလ ၁၂ ရက်နေ့ မြိုင်မြို့ပေါ်ရှိ စစ်ကောင်စီလက်အောက်ခံ ညီညီထွန်း (သ-၁၉) နှင့် ဝေယံမင်းခန့်အောင် (သ-၁၆) တို့ နှစ်ဦးသည် စစ်ကောင်စီတပ်သား ရဲတစ်ဦးအား ပစ်သတ်၍ G3 အမျိုး အစား သေနတ်တစ်လက်၊ ၎င်းကျည် ၃၇ တောင့်၊ MA1 သေနတ် တစ်လက်၊ ကျည် ၂၃ ​တောင့် တိုအား ယူဆောင်ကာ ထွက်ပြေးလာခဲ့ကြောင်း၊ ၎င်းတို နှစ်ဦးမှ ရဲတပ်သား ယောကြီးဆိုသူကို ပစ်သတ်ခဲ့ပြီး ၎င်းရဲ၏ လက်နက် G3 ယူဆောင်၍ ကာဘိုင်သေနတ်ကို အနီးအနားတစ်နေရာတွင် လွှင့်ပစ်ထွက်ပြေးပြီး မြိုင်ပကဖထံတွင် အလင်းဝင်လာကြောင်း၊ စက်တင်ဘာလ ၂၃ ရက်နေ့ မြိုငပကဖအဖွဲများက သေနတ်ကို သွားရောက် ရှာဖွေခဲ့ရာ ကာဘိုင်သေနတ် တစ်လက်၊ ၎င်းကျည် ၈ တောင့် ထပ်မံရရှိခဲ့ကြောင်း သိရှိရသည်။

စက်တင်ဘာလ ၁၅ ရက်နေ့ မြိုင်မြို့ ပေါ်တွင် တာဝန်ထမ်းဆောင်နေသော စစ်ကောင်စီတပ်သားတစ်ဦး မြိုင်မြိုနယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲထံသို့ ထပ်မံအလင်းဝင်ရောက်လာခဲ့ကြောင်း၊ အလင်းဝင်ရောက်လာသူ ဦးလှဖြူသည် ရခိုင်ပြည်နယ်၊ ကျောက်တော်ဇာတိဖြစ်ပြီး မြိုင်မြို့နယ်အထွက် မန္တလေးဂိတ်တွင် တာဝန်ထမ်းဆောင်နေစဉ် AK အမျိုးအစား သေနတ်တစ်လက်၊ ကျည် ၄၅ တောင့် ယူဆောင်ကာ ပြည်သူ့ရင်ခွင်သို့ ဝင်ရောက်ခိုလှုလာခဲ့ကြောင်း သိရှိရသည်။

စက်တင်ဘာလ ၁၇ ရက်နေ့တွင်လည်း စစ်ကောင်စီတပ်ဘက်မှ ဒုတပ်ကြပ်အဆင့်ရှိသူ ဇွဲလင်းပိုင်သည် မြိုင်မြို့ပေါ် အထက ၂ မှ ထွက်ပြေးလာခဲ့ပြီး AK သေနတ်အမျိုးအစား တစ်လက်၊ ကျည် ၉၈ တောင့် ယူဆောင်၍ မြိုင်ပကဖထံသို့ အလင်းဝင်ရောက်ခဲ့ကြောင်း၊ ဒုတပ်ကြပ် ဇွဲလင်းပိုင်သည် ဧရာဝတီတိုင်း၊ ပန်းတနော်မြိုနယ်တွင် နေထိုင်သူတစ်ဦးဖြစ်ပြီး စစ်ကောင်စီ၏ ပြည်သူ့အပေါ်တွင် အပြုအမူလုပ်ရပ်များကို သည်းမခံနိုင်တော့သည့်အတွက် အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထပ်မံအလင်းဝင်ရောက်လာမည့်သူများ များစွာရှိသေးကြောင်း သိရှိရသည်။

အလင်းဝင်ရောက်လာသူများအား ဂုဏ်ပြုဆုငွေများ ထိုက်သင့်အားလျော်စွာ ချီးမြှင့်ပေးအပ်ကာ ကောင်းမွန်စွာ ထိန်းသိမ်းထားရှိကြောင်း၊ စစ်အာဏာရှင်စစ်တပ် ပြုတ်ကျရေးအတွက် စစ်ရေးအရှိန်မြှင့်တင်နေသည့်အတွက် ပြည်သူ့ရင်ခွင်သို ဝင်ရောက်ခိုလှုံလိုပါက အချိန်မရွေး ဆက်သွယ်နိုင်ကြောင်း၊ အာဏာသိမ်းစစ်တပ်အဖွဲဝင် တပ်သားများ၊ ပျူစောထီးများအနေဖြင့်လည်း ပြည်သူကို နည်းမျိုးစုံနှင့် ရက်စက်စွာ ညှင်းပန်းနှိပ်စက်သတ်ဖြတ်နေသည့် အကြမ်းဖက်စစ်တပ်အား စွန့်ခွာပြီး ပြည်သူကိုမျက်နှာမူ၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲများနှင့် အမြန်ပူးပေါင်းရန် မြိုင်ပကဖက တိုက်တွန်းထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article