လောင်းလုံးမြို့နယ်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုပြုလုပ်
ရန်ကုန်၊စက်တင်ဘာ ၂၄
လောင်းလုံးမြို့နယ်တွင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC)က ဦးဆောင်ပြီး စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုကို စက်တင်ဘာလ ၂၄ ရက်နေ့တွင် ပြုလုပ်ခဲ့ကြကြောင်းသိရှိရသည်။
အဆိုပါ လူထုသပိတ်လှုပ်ရှားမှုကို ‘လူထုအာဏာတည်ဆောက်၊ လွတ်မြောက်ရေးအတွက် ဆက်လျှောက်’ ခေါင်းစဥ်နှင့် ပြုလုပ်ခဲ့ကြခြင်းဖြစ်ပြီး အမျိုးသမီး၊ လူငယ်များနှင့် ဒေသ ပြည်သူများပူးပေါင်းပါဝင်ခဲ့ကြကြောင်း သိရှိရသည်။