28 C
Yangon

ဒီပဲယင်းမြို့ပေါ်တွင် တပ်စွဲထားသော စစ်တပ်က အနီးအနားရွာများကို ဆက်တိုက် စစ်ကြောင်းထိုး မီးရှို့နေ၍ ထောင်နှင့်ချီသော ပြည်သူများ နေရပ်မပြန်နိုင်သေးဘဲ စားနပ်ရိက္ခာများ လိုအပ်နေ

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၅

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ပေါ်တွင် တပ်စွဲထားသော စစ်တပ်က အနီးအနားရွာများကို ဆက်တိုက် စစ်ကြောင်းထိုး မီးရှို့နေ၍ ထောင်နှင့်ချီသော ပြည်သူများ နေရပ်မပြန်နိုင်သေးဘဲ စားနပ်ရိက္ခာများ လိုအပ်နေကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ရန်ကုန်ခေတ်သစ်မီဒီယာကို ပြောဆိုသည်။

ဩဂုတ်လမှစ၍ ဒီပဲယင်းမြို့ပေါ်ကို တော်လှန်ရေး တပ်ဖွဲ့များ တိုက်ခိုက် ရှင်းလင်းနိုင်ခဲ့ပြီးနောက် အကြမ်းဖက် စစ်တပ်က မြို့ပေါ်၌ ထပ်မံ အင်အားဖြည့်တင်းပြီး အနီးအနားရှိ ကျေးရွာများကို ဆက်တိုက် ထိုးစစ်ဆင် မီးရှို့ဖျက်ဆီး လျက်ရှိကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ်သည် အနီးအနားရှိ ကျေးရွာများကို ဆက်တိုက် စစ်ကြောင်းထိုးနေ၍ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေသည်မှာ ရပ်ပေါင်း ၄၀ ကျော်ခန့်ရှိပြီဖြစ်ကြောင်း၊ ယင်းပြည်သူများသည် လက်ရှိချိန်ထိ နေရပ်မပြန်နိုင်သေးဘဲ တိမ်းရှောင်နေရ၍ စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်လျက်ရှိကြောင်း သိရှိရသည်။

“ဒီနေ့အချိန်ထိ နေရပ်မပြန်နိုင်ကြသေးဘဲ ရက်ပေါင်း ၄၀ ကြာ ဘေးလွတ်ရာ တိမ်းရှောင်နေကြရတယ်။ ရှောင်နေကြတဲ့အထဲမှာ သက်ကြီးရွယ်အိုတွေနဲ့ ကလေးသူငယ်တွေ ကလေးမိခင်တွေ အများဆုံးပါဝင်တယ်။ ဆန်၊ ဆီနဲ့ ဟင်းချက်စရာ ကူညီနိုင်သလောက် ကူညီပေးထားကြပေမယ့် ရက်ရှည်ဖြစ်နေတော့ ကူညီရေးက မလောက်ငှတော့ဘူး။ သူတို့ဟာသူတို့ တတ်နိုင်သလောက်ရုန်းကန်ပြီး ချက်ပြုတ်စားသောက်နေကြရတာ စိတ််မကောင်းစွာတွေ့ရှိရတယ်။ စစ်ရှောင်ပြည်သူတွေအတွက် တတ်နိုင်သလောက် ပါဝင်ကူညီပေးကြဖို့လည်း ဖိတ်ခေါ်ပါတယ်” ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ပြောဆိုသည်။

ဒီပဲယင်းမြို့ပေါ် မှ ပြန်လည် အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် မြို့ပေါ်ရှိ ပြည်သူပိုင် နေအိမ်များနှင့် ကံပြားရွာမှ နေအိမ်များကို ဆက်လက် မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article