28 C
Yangon

လက်ပံတန်းတွင် စစ်ဘေးရှောင်ပြည်သူ ကိုအောင်မောင်း ရွာထဲကို ပြန်လည်ဝင်ရောက်ပြီး စားနပ်ရိက္ခာများ ယူဆောင်စဉ် စစ်တပ်ထောင်ထားသော မိုင်းနင်းမိပြီး သေဆုံး

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၅

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်တွင် စစ်ဘေးရှောင်ပြည်သူ ကိုအောင်မောင်း ရွာထဲကို ပြန်လည်ဝင်ရောက်ပြီး စားနပ်ရိက္ခာများ ယူဆောင်စဉ် အကြမ်းဖက် စစ်တပ်ထောင်ထားသော မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယားက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

စက်တင်ဘာလ ၂၃ ရက်နေ့ ည ၉ နာရီခန့်တွင် ရေငံရွာမှ စစ်ဘေးရှောင်ပြည်သူ ကိုအောင်မောင်းသည် ရွာထဲကို စားနပ်ရိက္ခာများ လာရောက် ယူဆောင်စဉ် စစ်တပ်ထောင်ထားသော မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရရှိကာ ပရဟိတအဖွဲ့ကို ဆက်သွယ်၍ လူနာလာရောက် ခေါ်ဆောင်ပေးရန် ပြောဆိုခဲ့သော်လည်း စစ်တပ်က ရွာထဲအဝင်မခံသောကြောင့် သွေးထွက်လွန်ပြီး သေဆုံးခဲ့ကြောင်း သိရသည်။

“မိုင်းထိပြီး ခြေထောက်ပြတ်သွားတယ်။ ဆေးရုံပို့ဖို့ ကားနဲ့ လာခေါ်တဲ့ ပရဟိတသမားတွေကို စစ်တပ်က ရွာထဲအဝင်မခံလို့ ဆေးကုသခွင့်မရဘဲ သေဆုံးသွားပါတယ်။ ကိုအောင်မောင်းက အသက် ၃၂ နှစ်ပါ။ အမျိုးသမီးနဲ့ နို့စို့အရွယ်ကလေး ၁ ဦးကျန်ခဲ့တယ်” ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယားက ပြောဆိုသည်။

အဆိုပါ ရေငံရွာတွင် ဩဂုတ်လ ၂၄ ရက်နေ့၌ တိုက်ပွဲများဖြစ်ပွားပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုများပြားကာ ကျေးရွာအတွင်း ဝင်ရောက် တပ်စွဲပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article