29 C
Yangon

ရေစကြိုမြို့ပေါ်တွင် စစ်ကောင်စီတပ်သား ၁ ဦးကို လက်နက်နှင့်အတူ ဖမ်းဆီးရရှိထားပြီး ကျူးလွန်သော ပြစ်မှုများအတိုင်း အရေးယူမည်ဟုဆို

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၆

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်တွင် စစ်ကောင်စီတပ်သား ၁ ဦးကို လက်နက်နှင့်အတူ ဖမ်းဆီးရရှိထားပြီး ကျူးလွန်သော ပြစ်မှုများအတိုင်း အရေးယူမည်ဖြစ်ကြောင်း Myingayn Black Tiger (MBT)တပ်ဖွဲ့မှ ဗိုလ်မိုက်ခဲက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၂၅ ရက်နေ့ ည ၉ နာရီခွဲအချိန် ရေစကြိုမြို့ပေါ်တွင် Myingayn Black Tiger (MBT)တပ်ဖွဲ့ မှ အမှတ် – ၁ စစ်ဆင်ရေး ရဲဘော်များက ကင်းပတ်စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ စစ်ကောင်စီတပ်များ တပ်စွဲထားသော ရေစကြိုမြို၊အမှတ် ၈ သုခဝတီရပ်ကွက် ကပ်ကျော်ဘုန်းကြီးကျောင်းတွင် ကင်းစောင့်ရင်း ဖုန်းသုံးနေသော စစ်ကောင်စီတပ်သား တစ်ဦးကိုဝင်ရောက်ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ စစ်ကောင်စီတပ်သားကို လက်နက်နှင့်တကွ ပူးတွဲဖမ်းနိုင်ခဲ့ပြီး လက်ရှိအချိန်တွင် စစ်ဆေးမှုများ ပြုလုပ်ကာ ၎င်းကျူးလွန်ခဲ့သော ပြစ်မှုများအလျှောက် အရေးယူသွားမည်ဖြစ်ကြောင်း ၊ Myingyan Black Tiger (MBT) မြင်းခြံခရိုင် အမှတ် တပ်ရင်းအနေဖြင့် စစ်အာဏာရှင်စနစ်ကို ယခုထက် ပိုမိုထိရောက်စွာ တိုက်ခိုက်နိုင်ရန်အတွက် MBT တပ်ဖွဲ့ လုပ်ဆောင်နေသော * End Point *ကမ်ပိန်းကိုုပြည်သူများအနေဖြင့် ပူးပေါင်းပါဝင် ကူညီပေးရန် မေတ္တာရပ်ခံတိုက်တွန်းထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article