ဒီကနေ့ စက်တင်ဘာ ၂၆ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ရခိုင်ပြည်နယ်မှာရှိတဲ့ သံတွဲမြို့ကို အကြမ်းဖက် စစ်ကောင်စီတပ်က ဒီကနေ့ စက်တင်ဘာလ ၂၆ ရက်နေ့ မနက်ပိုင်းမှာပဲ တိုက်လေယာဉ်နဲ့ ဗုံးကျဲမှုကြောင့် ကလေးတွေ၊ အမျိုးသမီးတွေ အပါအဝင် အရပ်သား ပြည်သူ ၁၃ ဦးထက် မနည်း သေဆုံးသွားခဲ့ရပြီး ၊ ၂၃ ဦးထက်မနည်း ဒဏ်ရာတွေ ရထားတယ်လို့ ဒေဿခံသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။
- ရန်ကုန်မြို့က လှိုင်သာယာမြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီရဲ့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေက သန်ခေါင်းစာရင်း ကောက်ယူတဲ့အချိန် လုံခြုံရေး စိုးရိမ်ရတဲ့အတွက် မေးခွန်းတွေ မေးမြန်းမှာ မဟုတ်ဘဲ စာရွက်နဲ့ပဲ ဖြေထားပေးဖို့ဆိုပြီး သန်းခေါင်စာရင်းကောက်ယူမှုဆိုင်ရာ မေးခွန်းတွေ ပါတဲ့ စာရွက်တွေ လိုက်ဝေသွားတယ်လို့ လှိုင်သာယာမြို့နယ်နေ ပြည်သူတွေက ပြောပါတယ်။
- မန္တလေးတိုင်းက ၊ တံတာဦးမြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီတပ်က ဗိုလ်မှူးသန်းနိုင်ဦး ဆိုသူရဲ့ အမိန့်နဲ့ စစ်မှုထမ်းအပတ်စဉ် ၆ အတွက် လူငယ် အယောက် ၁၀၀ ကျော်ကို ပေါ်တာဆွဲ ဖမ်းဆီးသွားပြီလို့ ဒေသပြည်သူတွေက ပြောဆိုတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar